27 June 2010

လေ့လာ.....မှတ်သား.....အနာဂတ်ခေါင်းဆောင်များ........။




လေ့လာ … မှတ်သား … အနာဂတ်ခေါင်းဆောင်များ


အနာဂတ် တိုင်းပြည်တစ်ပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ် ကလေးငယ် များအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်သော ပန်းချီပညာရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ ပန်းချီရေးဆွဲခြင်း ပညာရပ်ကို သင်ကြားပေးခဲ့ရာ ယနေ့ ၂၇.၆.၂၀၁၀ (စနေ)နေ့တွင် တစ်လ ပြည့်မြောက်ခဲ့ပါသည်။

တစ်လပြည့် အထိမ်းအမှတ်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေးငယ်များအား ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Morekha Art Gallery ပိုင်ရှင် ဦးဘိုဘိုဦး၏ ပန်းချီပြခန်းအတွင်းတွင် ပန်းချီပညာရှင်ကြီး (၅၄) ဦးတို့ ရေးဆွဲထားသော ပန်းချီကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ပန်းချီဆရာ ဦးဝင်းကြည်၊ အင်္ဂလိပ်စာဆရာမ ဒေါ်ဧရာမောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများတို့မှ လိုက်လံ ရှင်းလင်း ပြသ လေ့လာခဲ့ကြသည်။

ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။

ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။

ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။

ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။