




ရေအကျိုး (၁၀)ပါး အပြင် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုထားနိုင်သော အလှူရှင်များ
အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။
ထွက်ရှိလာသော ရေချိုများအား အများပြည်သူ သိုလှောင်သုံးစွဲနိုင်ရန်အတွက် အုတ်ရေကန် တည်ဆောက်ပေးခြင်းကို ၁၂.၆.၂၀၁၀ (စနေ)နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၂၆.၆.၂၀၁၀ (စနေ) နေ့တွင် အပြီးသတ် အောင်မြင်စွာဖြင့် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု အပေါင်းတို့အား လက်လွှဲပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
ထို့ကြောင့် အများပြည်သူအတွက် လိုအပ်သော ရေကုသိုလ်အလုပ်မျိုးကို ပြည်တွင်း ပြည်ပ အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါ၍ ရေအကျိုး (၁၀)ပါး အပြင် ပြည်တွင်းမှ ရေဒုက္ခသည်များအား လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်တို့ဖြင့် ဖေးမကူညီခဲ့ခြင်းတို့ကြောင့် ဗြဟ္မစိုရ်တရား လေးပါးကိုပါ အလှူရှင်များအနေနဲ့ လက်ကိုင်ပြု သွားပြီဖြစ်ပါကြောင်း သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ပါသည်။
ပြည်တွင်းမှ လူမှုရေးလုပ်ငန်းများကို ပြုလုပ်ပေးနေသော မှတ်တမ်းများအား ပြန်လည် ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။