30 June 2010

အသက်(၁၅)နှစ်အရွယ် မိန်းကလေးပရိသတ်တစ်ဦး အရက်ဆိုင်တစ်ခုတွင် အနိုင်ကျင့်ခံရဟုတောင်အာဖရိကသတင်းဌာနများကြေညာ၊

တောင်အာဖရိကသတင်းဌာနများက အသက်(၁၅)နှစ်အရွယ် မိန်းကလေးပရိသတ်တစ်ဦးသည် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ အရက်ဆိုင်တစ်ခုတွင် အနိုင်ကျင့်ခံခဲ့ရသည်ဟု ကြေညာခဲ့သည်။ ယင်းအရက်ဆိုင်မှာလည်း ရဲတပ်ဖွဲ့က လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယာယီပိတ်သိမ်းခဲ့ရသည်ဟု တောင်အာဖရိကနိုင်ငံ၊ Gautangပြည်နယ်အခြေစိုက် SEVEN O' TWO ရေဒီယိုက ကြေညာခဲ့သည်။ ယင်း(၁၅)နှစ်အရွယ်ပရိသတ်မှာ မည်သည့်နိုင်ငံမှ ပရိသတ်ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်လူမျိုးဖြစ်သည်ကိုလည်းကောင်း တောင်အာဖရိကသတင်းဌာနများက ကြေငြာခြင်းမရှိပေ။ ယင်းကဲ့သို့ကြေညာပါက ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပရိသတ်များအချင်းချင်း ပြဿနာများဖြစ်ပွားနိုင်သလို၊ ပြည်ပမှပရိသတ်မဟုတ်ဘဲ ပြည်တွင်းမှဖြစ်ပါက လူမျိုးရေးပြဿနာများ ဖြစ်ပွားနိုင်၍ ယင်းကဲ့သို့ဖုံးကွယ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ တောင်အာဖရိကသတင်းဌာနများသည် နိုင်ငံအတွင်း လူဖြူ၊ လူမည်းပြဿနာဖြစ်ပွားနိုင်သည့် ဖြစ်ရပ်များတွင် ယင်းကဲ့သို့သတင်းများကို အကြောင်းအရာအချို့ချန်လှပ်ဖုံးကွယ်လေ့ရှိကြောင်း news-eleven တွင်ဖော်ပြပါရှိပါသည်.။
...........................................................................................................................................................................

သြစတြေးလျပရိသတ် (၄)ဦး တည်းခိုရာဟိုတယ်တွင် အကြမ်းဖက်လုယက်ခံရ


သြစတြေးလျပရိသတ် (၄)ဦးသည် ၎င်းတို့အသင်း၏ အုပ်စုနောက်ဆုံးပွဲစဉ်ကိုကြည့်ရှုအပြီး တည်းခိုရာဟိုတယ်သို့ပြန်ခဲ့ရာတွင် အကြမ်းဖက်လုယက်ခံခဲ့ရကြောင်း သိရသည်။

လုံးချင်းဆောက်လုပ်ထားသော တည်းခိုရာနေအိမ်သို့အပြန် အခန်းထဲတွင် ပစ္စည်းများကို မွှေနှောက်ရှာဖွေထားကြောင်း တွေ့ရပြီး အခန်းပြင်ပမှ လက်နက်ကိုင်လူ (၄)ဦးထွက်ပေါ်လာကာ ၎င်းတို့ကို နေအိမ်အတွင်းဝင်စေ ခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းတို့ (၄)ဦးကို ကြမ်းပြင်ပေါ်၌၀ပ်ခိုင်းခဲ့ပြီး ပါလာသောပစ္စည်းများကိုရှာဖွေယူဆောင် သွားကြောင်းသိရသည်။ ယင်းဖြစ်ရပ်မှာ တောင်အာဖရိကနိုင်ငံမြောက်ပိုင်းရှိ နဲလ်စပရစ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တောင်အာဖရိကရဲတပ်ဖွဲ့က ၎င်းအကြမ်းဖက်လုယက်သူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပြည်ပမှလာရောက်သူများအနေဖြင့်ယခုကဲ့သို့အကြမ်းဖက်လုယက်ခံရခြင်းများ ယခင်ကလည်းရှိခဲ့ပြီး ဂျာနယ်လစ်များလုယက်ခံရသည့်သတင်းများမှာ နိုင်ငံတကာမီဒီယာများအထိ ပျံ့နှံ့ခဲ့သည်။ စပိန်နှင့်ပေါ်တူဂီဂျာနယ်လစ်များ ဦးစွာလုယက်ခံခဲ့ရခြင်းဖြစ်ပြီး တရုတ်ဂျာနယ်လစ် များမှာလည်း မြို့လယ်တွင်ပင်ကင်မရာနှင့်ငွေကြေးများလုယက်ခံခဲ့ရသည်။ တောင်အာဖရိကမှ အကြမ်းဖက်လုယက်သူများမှာလည်း ပြည်ပမှလာရောက် သည့် ဧည့်သည်များကိုအဓိကပစ်မှတ်ထားနေကြောင်းသိရသည်။

တောင်အာဖရိကနိုင်ငံတွင် နေအိမ်များ၌ ယင်းကဲ့သို့ကြိုတင်ဝင်ရောက်ကာ အကြမ်းဖက်လုယက်မှုများ မကြာခဏဖြစ်ပေါ်တတ်ခြင်းကြောင့် လုံးချင်းနေအိမ်အများစုမှာ မိမိတို့နေအိမ်များ၏ လုံခြုံရေးကို အထူးသတိထားရ လေ့ရှိကြောင်း သိရသည်။ လုံးချင်းအိမ် အတော်များများတွင် လုံခြုံရေးကုမ္ပဏီများနှင့် ဆက်သွယ်သည့်စနစ်များ၊ Electric Fence (ဓာတ်လိုက်သောခြံစည်းရိုးအကာများ)ကို ထားလေ့ရှိကြပြီး မိမိတို့နေအိမ်များ လုံခြုံရန် ကြိုး ပမ်းထားကြကြောင်း ကိုnews-eleven တွင်ဖော်ပြပါရှိပါသည်.။

.................................................................................................................................................................
ကမ္ဘာ့ဖလားလက်မှတ်များကိုခိုးယူပြီး မှောင်ခိုရောင်းချရန်ကြံစည်သူ နိုက်ဂျီးရီးယားသားအား ထောင်(၃)နှစ်ချ

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်များကို မှောင်ခိုရောင်းချရန် ကြံစည်နေသည့် နိုက်ဂျီးရီးယားလူ မျိုးတစ်ဦးကို ပရီတိုးရီးယားမြို့ရှိ ကမ္ဘာ့ဖလားအထူးတရားရုံး (Special World Cup Court) မှ ထောင်ဒဏ်(၃)နှစ်ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။ ၎င်းနိုက်ဂျီးရီးယားသားသည် ကမ္ဘာ့ဖလားပွဲစဉ်အချို့ကစားသည့် ပရီတိုးရီးယားမြို့ရှိ Loftus ကွင်းအနီးတွင် လက်မှတ်(၃၀)နှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ Loftus ကွင်းတည်ရှိရာ Sunnyside ရပ်ကွက်အတွင်း ညဘက်ကားမောင်းလာစဉ် ရဲတပ်ဖွဲ့က မသင်္ကာ၍စစ်ဆေးရာမှ လက်မှတ်အစောင်(၃၀)ကိုပါ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းလက်မှတ်များကို သူပိုင်ဆိုင်ကြောင်း မပြသနိုင်သည့်အပြင် စစ်ဆေးမှုများအရ ဖီဖာထံသို့ အခြားလူနှစ်ဦးက အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူထားသောလက်မှတ်များဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သို့ဖြစ်၍ သူ့အား အထူးတရားရုံးတွင် တရားစွဲဆိုခဲ့ပြီး တရားရုံးမှ မြန်မြန်ဆန်ဆန်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကိုကိုnews-eleven တွင်ဖော်ပြပါရှိပါသည်.။