23 April 2010

X2O ရေကစားမဏ္ဍပ်တွင်ဗုံးပေါက်ကွဲမှု ကြောင့်ပြင်းထန်စွာဒဏ်ရာရခဲ့သောအမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုသေဆုံးသွားပါပြီး

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။


အမှတ် (၁) တမ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ တာဝန်ကျ အရာရှိ တစ်ဦးကတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမှတ် (၄) စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်ချို ဆေးရုံကို ရောက်ရှိလာပုံကို အခုလို ပြောပြ ပါတယ် ။ မွန်းလွဲ ၃ နာရီ ၃၀ လောက်မှာ ဗိုလ်မှူးကြီး အုန်းချို ကျွန်တော်တို့ တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) ကို ဒဏ်ရာ တွေနဲ့ ရောက်လာ ပါတယ် ၊ ဗိုလ်မှူးကြီး အုန်းချိုကို ခွဲစိတ်ပါရဂူကြီး ဗိုလ်မှူးကြီး အုန်းမောင်မောင်နဲ့ အကူ အရာရှိတွေ အချိန် (၃)နာရီကြာ ခက်ခက် ခဲခဲ ဗုံးစတွေကို ခွဲထုတ် ရပါတယ် ။


မျက်နှာမှာ ကတော့ ဒဏ်ရာ သိပ်မပြင်းပါဘူး ၊ ဒဏ်ရာပြင်းတာက ၀မ်းဗိုက်မှာပါ ၊ အသဲ နဲ့ အူမကြီးကို ဗုံးစတွေ တော်တော် ထိသွားပါတယ် ၊ အခု ဗိုလ်မှူးကြီး အုန်းချိုကို ကျွန်တော်တို့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ကုတင် (၁၀၀၀) အထူး ကြပ်မတ်ဆောင်မှာ ထားပါတယ်။ ကျွန်တော် သိရ သလောက်တော့ အခြေအနေက မကောင်း ဘူးလို့ သိရ ပါတယ်။

၎င်းသတင်း၏နောက်ဆက်တွဲကိုတော့ ယနေ့တွင်(DVB)သတင်းဌာန မှ ဒဏ်ရာပြင်းထန်စွာ ရခဲ့သော အမှတ်(၄) စစ်ဒေသမှူး၊ဗိုလ်မှူးကြီးအုန်းချိုသည် ၊ နှစ်ဆန်းတရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် ဟု(DVB)ရုပ်မြင်သံကြားသတင်းမှ သတင်းဖော်ပြပြောဆိုသွားပါသည်.။