20 April 2010

အိုက်စလန်မီးတောင် ပြာမှုန်များကြောင့် ခရီးသည်သန်းနှင်ချီ၍ အခက်ကြုံ


ဥရောပ ယူနီယံ(EU)က အိုက်စလန်ရှိ မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော မီးတောင်ပြာများကြောင့် ဥရောပလေကြောင်း သွားလာရေးကို အကြီးအကျယ် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာစေမှုအပေါ် အရေးပေါ် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဥရောပ ယူနီယံ(EU)က အိုက်စလန်ရှိ မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော မီးတောင်ပြာများကြောင့် ဥရောပလေကြောင်း သွားလာရေးကို အကြီးအကျယ် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာစေမှုအပေါ် အရေးပေါ် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။




အိုက်စလန်နိုင်ငံတောင်ပိုင်းမှ Eyjafjallajoekull မီးတောင်ကြီး ပြီးခဲ့သည့် သီတင်းပါတ်က ပေါက်ကွဲခဲ့ပြီးနောက် ကောင်းကင်တွင် မီးခိုးပြာများ ဖုံးလွှမ်းနေရာ ဥရောပ နိုင်ငံအတော်များများမှ ခရီးသည် (၆.၈)သန်းတို့သည် ဧပြီလ (၁၉)ရက်နေ့တွင် ပဉ္စမမြောက်နေ့အဖြစ် သောင်တင်နေဆဲဖြစ်သည်။ EU၏ သယ်ယူပို့ဆောင်ရေးဌာန တာဝန်ရှိသူ ဆင်မ်ကားလက်စ်က မီးတောင်ပြာများကြောင့် ဖြစ်ပေါ်နေသော တိမ်တိုက်များ ရှင်းလင်းသွားသည်အထိ စောင့်နေရေးမှာ လက်တွေ့မကျကြောင်း ပြောကြားခဲ့သည်။


ယခုအခါ ပြင်သစ်၊ ဗြိတိန်၊ စပိန်နှင့် မြေထဲပင်လယ် နိုင်ငံအချို့ အပါအ၀င် နိုင်ငံပေါင်း (၂၀)ကျော်တို့မှာ လေယာဉ်ခရီးစဉ်များ ဆိုင်းငံ့ထားလိုက်ရကြောင်း သိရသည်။ ကားလက်စ်က အချို့လေကြောင်းလိုင်းများသည် တစ်နေ့လျင် ဒေါ်လာသန်း(၂၀၀)မျှထိ နစ်နာဆုံးရှုံးနေကြောင်း ပြောကြားခဲ့သည်။ ဆားဓာတ်ပါသော ပြာမှုန်များသည် အာတိတ်စက်ဝိုင်းမှစကာ တောင်ဖက်မြေထဲပင်လယ်ထိ ရောက်ရှိနေကြောင်း စပိန်ဝန်ကြီးချုပ် ဒီယေးဂိုးလိုပက်ဇ် ဂါရီဒိုက ပြောကြားခဲ့သည်။





ကောင်းကင်ပြင်ကို ပိတ်ဖုံးနေသော မီးတောင်ပြာ တိမ်တိုက်များကြောင့် ရေကြောင်းသွားလာရေးတွင်လည်း အခက်အခဲများ ကြုံနေရပြီး ဗြိတိသျှ တော်ဝင်ရေတပ်သည် ပင်လယ်ထဲတွင် လမ်းကြောင်းပျောက်နေသော သင်္ဘောများအား ကူညီလမ်းပြပေးနေရကြောင်း သိရသည်။






ဧပြီလ(၁၄)ရက် မီးတောင်စတင် ပေါက်ကွဲသည့်နေ့တွင်ပင် ဗြိတိန်မှ လေယာဉ်ခရီးစဉ် (၆၃)ခုအား ဖျက်သိမ်းလိုက်ရသည်။ အနည်းဆုံး လေဆိပ်(၃၁၃)ခုတွင် ခရီးစဉ်များ ရွှေ့ဆိုင်းနေရပြီး ခရီးသည် (၆.၈)သန်းမျှ သောင်တင်နေသော အခြေအနေအတွက် EUခေါင်းဆောင်များကြား အလေးထား ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးချုပ် ဂါရီဒိုက ပြောကြားခဲ့သည်။ မီးတောင်ပြာများကြောင့်
ဥရောပဒေသရှိ စိုက်ပျိုးရေး လုပ်ငန်းများအတွက်လည်း စိုးရိမ်စရာ ဖြစ်နေကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။

ရင်းမြစ် BBC