22 April 2010

ရွှေဘိုအောင်မြေ၀င်း မန်ကျည်းပင်စည်မှ စေတီပုံနှင့်ထူးခြားပုံများ တွေ့ရ




ရွှေဘိုမြို့အ၀င် အောင် မြေဘုရားဝင်းအတွင်း၌ အောင်မြေအဖြစ် သတ်မှတ်ထားသော အောင်မြေဗိမာန်၏ မြောက်ဘက်တွင် အသစ်တည်ထားမည့် အောင်မြေဗောဓိစေတီနှင့် သတ္တဌာနမြေ နေရာကို ဖေဖော်ဝါရီ ၈ရက်က သြ၀ါဒါ စရိယဆရာတော်ကြီးများ သွားရောက် ကြည့်ရှုရာ ခုတ်လှဲရှင်းလင်းထားသော မန် ကျည်းပင်တစ်ပင် ပင်စည်မှ စေတီပုံနှင့် ထူးခြားပုံများကို တွေ့ရှိရကြောင်း သိရ သည်။


"မန်ကျည်းပင်ကို ခုတ်လှဲရှင်း လင်းတာ မန်ကျည်းပင်တစ်ပင်ရဲ့ အနှစ်က စေတီပုံ၊ ဗောဓိညောင်နဲ့စေတီပုံ၊ စင်္ကြံ လျှောက်ပုံ၊ ကမ္မဋ္ဌာန်းထိုင်နေပုံထူးခြားစွာ တွေ့ရတာပဲ။ အောင်မြေနေရာက ကျေးဇူး တော်ရှင် ဝေဘူဆရာတော်ကြီးသီတင်းသုံး ခဲ့ဖူးတယ်။ အခု မန်ကျည်းပင်မှာ တွေ့ရ တဲ့ပုံနဲ့ ဆရာတော်ကြီး ကမ္မဋ္ဌာန်းထိုင်ပုံ၊ စင်္ကြံလျှောက်ပုံ တူတယ်ဆိုပြီး ဓာတ်ပုံနဲ့ တကွ တွဲပြထားတယ်။ ဘုရားဖူးလာသူတွေ အောင်မြေနင်းသူတွေ ပူဇော်ကြည့်ရှုနိုင် အောင် အောင်မြေဘုရားဂေါပကအဖွဲ့က အောင်မြေဂန္ဓကုဋိတိုက်မှာ ပြသထားတယ်" ဟု အောင်မြေဘုရား ဂေါပကအဖွဲ့ဝင်တစ် ဦးက ပြောသည်။


စေတီပုံနှင့်ထူးခြားပုံများဖြစ်ပေါ် နေသော မန်ကျည်းပင်မှာ အခြေနှစ်ထွာ ရှိပြီး အမြင့် ၁၂ တောင်ရှိသည်။ အခြေမှ နှစ်ထွာရှိနေရာတွင် လွှဖြင့်ဖြတ်လှဲရာထူး ခြားပုံများ တွေ့ရခြင်းဖြစ်သည်။ အောင်မြေ ဂေါပကအဖွဲ့မှ အောင်မြေဗောဓိစေတီကို ဗုဒ္ဓဂယာပုံစံတူစေတီတော်တစ်ဆူကို စတင် ဆောက်လုပ်ရန် ပန္နက်ရိုက်ပြီးဖြစ်ကြောင်း သိရသည်။

ရင်းမြစ်...YGM