21 April 2010

ကန်တော်ကြီး ဗုံးခွဲတရားခံအား(နအဖ) စစ်အစိုးရထံသို့ တာဝန်သိပြည်သူတဦးမှသက်သေအထောက်အထား ဓါတ်ပုံဖြင့် ဖေါ်ထုတ်နိုင်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်။

မြန်မာ့ရိုးရာ အတာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ကျင်းပရာ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးခွဲခဲ့သည့် လက်သည်တရားခံအား ထိရောက်စွာ သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) မှ ညွှန်ကြားချက် ထုတ်ပြန်အပ်ပါသည်။

မြန်မာပြည်သူပြည်သားများ စိတ်ရွှင်လန်းချမ်းမြေ့စွာနဲ့  ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြချိန်တွင် တိုင်းပြည်နှင့် လူမျိုးအား အမြဲထာဝစဉ် ဒုက္ခပေးနေသော အကြမ်းဖျက်သမားသည် ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနောက်ကွယ်မှ လက်မည်းကြီးဖြင့် ကြိုးကိုင်ချယ်လှယ် အမိန့် ပေးကာ စီစဉ်စေခိုင်းခဲ့ရုံသာမက ကိုယ်တိုင်ကိုယ်ကျ ဗုံးဖေါက်ခွဲခဲ့ကြောင်း သိရှိရပါသည်။

ဤရက်စက်ကြမ်းကြုတ်မှုကြီးကို ဘယ်သူကျူးလွန်ခဲ့သလည်းဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်းနေပါပြီ။ ပြည်သူလူထုမှ အကြမ်းဘက်သမားကို အမြန်ဖေါ်ထုတ်ရန်နှင့် နောက်ကွယ်မှ အမိန့် ပေးစေခိုင်းနေသူကို ဖေါ်ထုတ်ပေးနိုင်သူအား ဆုငွေ (၁၀) သိန်း ချှီးမြှင့်မည် ဖြစ်ပါသည်။

သတင်းမှန်အား အထောက်အထားများနှင့်တစ်ကွ ဖေါ်ထုတ်နိုင်မည်ဆိုပါက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချူပ် ကျော်ဆန်းထံ တိုက်ရိုက် လိပ်မူတပ်၍ လျှို့ ဝှက်စာအဖြစ် အလျင်အမြန် ပေးပို့ အကြောင်းကြားပါရန် အသိပေးအပ်ပါသည်။

နောက်ဆက်တွဲ အထူးသတင်း (အချပ်ပို) –

နေ့ စွဲ - ဧပြီလ (၁၉) ရက်နေ့ စွဲပါ နေပြည်တော် အထူးကြေညာချက် အမှတ် (၀၀၀/၀၄/၂၀၁၀) ပါ အများပြည်သူသိစေရန်အလို့ ငှာ ထုတ်ပြန်ကြေညာချက်အရ ရန်ကုန် ကန်တော်ကြီး X20 ရေကစားမဏ္ဍပ် ဗုံးခွဲခဲ့သည့် လက်သည်တရားခံအား ထိရောက်စွာ သတင်းပေးနိုင်ပါက ဆုငွေ ကျပ် (၁၀) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ ညွှန်ကြားချက်အရ တာဝန်သိ လုပ်သားပြည်သူတစ်ဦးမှ အထောက်အထား သက်သေမှတ်တမ်း ဓါတ်ပုံများဖြင့် ပေးပို့ လာပါသဖြင့် ဗုံးဖောက်ခွဲသည့် တရားခံအား ဖေါ်ထုတ်ရရှိပြီ ဖြစ်ပါကြောင်း အများပြည်သူ သိစေရန်နှင့် တည်ဆဲဥပဒေ စည်းမျည်းစည်းကမ်းများဖြင့် အရေးယူသွားမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

(ရန်ကုန် ကန်တော်ကြီး ဗုံးခွဲတရားခံ၏ သက်သေအထောက်အထား ဓါတ်ပုံအား ကြေညာချက်အောက်တွင် ဖေါ်ပြထားပါသည်)။

ပုံ -

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)။


မိတ္တူသို့  -

(၁) ကမ္ဘာ့ကုလသမဂ္ဂ၊ အထွေထွေအတွင်းရေးမှူးချူပ်။

(၂) အပြည်ပြည်ဆိုင်ရာ တရားရုံး၊ တရားသူကြီးချူပ်။

(၃) အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာမှု အဖွဲ့ အစည်း။

(၄) ကမ္ဘာ့ကြက်ခြေနီအသင်းကြီး။

(၅) နိုင်ငံတကာ အလုပ်သမားအဖွဲ့ ချူပ်။

(၆) နစ်နေမန်း၊ နစ်နေမန်းဘလော့။

ရန်ကုန် ကန်တော်ကြီး X20 ရေကစားမဏ္ဍပ် ဗုံးခွဲခဲ့သည့် လက်သည်တရားခံပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။









ရန်ကုန် ကန်တော်ကြီး ဗုံးခွဲတရားခံအား သက်သေအထောက်အထား ဓါတ်ပုံအား ပေးပို့ ဖေါ်ထုတ်ပေးသူ နစ်နေမန်းအား အများပြည်သူတို့  ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ပြန်လည်ပေး ပို့လာသော ကိုနစ်နေမန်း အားကျေးဇူးအထူးတင်ရှိပါသည်.။