




မြန်မာအတာသင်္ကြန် အကျနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံ သာသနာတော် ကာကွယ်ရေးတပ်ဦး၊အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့တို့မှရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်း များကို ပူပေါင်း လုပ်ဆောင်ခဲ့ကြပါသည်.။
ရန်ကုန်တိုင်းမှာ. ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လသာ၊ ကျောက်တံတား၊ ကြည့်မြင်တိုင်..
မန္တလေးတိုင်းမှာ.. မန္တလေးဈေးချိုနဲ့ ချမ်းအေးသာဇံမြို့နယ်...
မကွေးတိုင်းမှာ... မကွေးမြို့ပေါ်၊ ပခုက္ကူ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်....
ကရင်ပြည်နယ်မှာ... ဖားအံ၊ ကော့ကရိတ်....
ကချင်ပြည်နယ်မှာ... မြစ်ကြီးနား၊ ဗန်းမော်....
ဧရာဝတီတိုင်းကတော့ ... ဘိုကလေးမြို့နယ်မှာ လုပ်ဖြစ်ပါတယ်။
ပိုစတာတွေကတော့ ၁။...၂၀၁၀ရွေးကောက်ပွဲအလိုမရှိ.... ၂။...လူထုတိုက်ပွဲဖော်ဆောင်ကြ ၃။...ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ.. အခုတစ်ရာကျော်ကို မနက် လေးနာရီလောက်ထဲက စပြီး ဦးဇင်းတို့ မဏ္ဍပ်ပေါင်း(၄၀)ကျော်မှာ လိုက်ကပ်ပါတယ်... ။
အဓိကကခမောက်ကို လှုဒါန်းရတာကတော့ ပြည်သူတွေ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်...။
အဓိကကခမောက်ကို လှုဒါန်းရတာကတော့ ပြည်သူတွေ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်...။