19 April 2010

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ ကို Los Angeles မှာပြုလုပ် တဲ့ဖိတ်စာ



ဧပြီလ ၂၄ရက် စနေနေ့တွင် မြန်မာဂုဏ်ရည် အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း အိမ်ရှင်မြို့အဖြစ် လက်ခံကျင်းပမည့် လော့စ်အိန်ဂျလိစ်က ပြည်သူ့ဂုဏ်ရည် ဖြစ်မြောက်ရေးအဖွဲ့က ပေးပို့ဖြန့်ဝေသော ဖိတ်စာ ဖြစ်ပါသည် ။




မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာဝန်ထမ်း စွမ်းဆောင်သူ အများအပြားအနက်မှ ပရိသတ်၏ ဆန္ဒပြုလွှာများအရ ပဏာမဆန်ကာတင် စာရင်းတွင် ၂၄ ဦး/ အဖွဲ့ ရှိခဲ့ရာ၊နောက်ဆုံးဆန်ကာတင် ၅ ဦးကို ဧပြီလ ၁၂ ရက် တွင် ထုတ်ပြန်ပြီး အင်တာနက်မှတဆင့် အများပြည်သူက မဲဆန္ဒဖြင့် ၀ိုင်းဝန်း ဆန္ဒပြုနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုဆန်ကာတင်(၅)ဦးမှာ



၁။ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း -

၂။ ဇာဂနာ၊ လူရွှင်တော်၊ ဒါရိုက်တာ၊ စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ -

၃။ သီတဂူဆရာတော် ဦးဉာဏိသရ -

၎။ ဖြူဖြူသင်း၊ အင်န်အယ်ဒီပါတီဝင်၊ HIV လူနာများ ကူညီစောင့်ရှောက်ခြင်း -

၅။ ဦးအေးမြင့်၊ (ဦးအေးမြင့်မောင်) လမ်းပြကြယ်ဥပဒေအကျိုးဆောင်အဖွဲ့ -


တို့ဖြစ်ကြပါသည်.။

ယခု ဧပြီလ ၁၂ ရက်မှ ၂၁ ရက် အတွင်း နောက်ဆုံးဆန်ကာတင် ၅ ဦးမှ ပရိသတ်အားလုံး၏ ဆန္ဒအရှိဆုံး တဦးကို အင်တာနက်မဲစနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် ( Citizen of Burma Award ) အဖြစ်ဂုဏ်ပြုနိုင်ရန် ရွေးချယ်မည် ဖြစ်သည်။ ဧပြီလ ၂၄ တွင် ၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်သည့် အခမ်းအနားကို အိမ်ရှင်အဖြစ် အယ်လ်အေမိသားစုများက ကျင်းပကြမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် မဲအများဆုံး ဆန္ဒပြုခံရသူကို ကြေငြာမည်။

ထိုနည်းတူ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူ ၂၄ ဦး ထံ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများအားလုံးက လေးစား ဂုဏ်ယူပါကြောင်း ၂၀၁၀ ပြည်သူဂုဏ်ရည်အစီအစဉ်၏ မှတ်တမ်းလွှာကို ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

အားလုံးရဲ့ကိုယ်စား
ဦးကိုလေး(အယ်လ်အေ) 626-383-6901 ကိုဝေလ(နယူးယောက်) 718-505-0080 ကိုထိန်လင်း(ဆန်ဖရန်စစ္စကို) 415-531-3761 ကိုကျော်ဝဏ္ဏ (အယ်လ်အေ) 626-478-7717 ကိုမောင်ရစ် (ဆန်ဖရန်စစ္စကို) 415-595-1485

ပေပို့ ပေးသော ကိုဘိုဘို Los Angeles အားကျေးဇူးတင်ပါသည်.။