01 March 2010

အဖွဲ့ချုပ်သက်ကြီးပူဇော်ပွဲ မှတ်တမ်း ဓာတ်ပုံသတင်း......


သက်ကြီးပူဇော်ပွဲကို ဖိတ်စာပါ အတိုင်း မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ် ။ ...တက်ရောက်လာကြတဲ့ ဘဘတွေကတော့ စာရေးဆရာကြီးနန်းညွန့်ဆွေ (ကိုဇာဂနာအဖေ) ဘဘဦးဝင်းတင်၊ဘဘဦးအုန်းမောင်၊ ဘဘဦးအုန်းကြိုင် တို့တက်ရောက်တယ်။ ဦးတင်ဦး ကတော့ အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့ဘူး။ မလာဖြစ်တဲ့ ဘဘ တို့ကို အိမ်အရောက် ကန်တော့ခံ ပစ္စည်း တွေလိုက်ပို့ပါတယ်။ ဘဘဦးတင်ဦးက သူအကြောင်းကြောင်းကြောင့် မလာဖြစ်တဲ့အတွက် စိတ်မကောင်းကြောင်း ပြောဆိုပါတယ်။ အခမ်းအနားများကို အစီအစဉ်တကျ ကျင်းပပါတယ်ဘဘ တို့အား ကန်တော့ခြင်း ကဗျာရွတ်ခြင်း ပေးပို့လာတဲ့ သ၀ဏ်လွှာများ ဖတ်ကြားခြင်း များပြုလုပ်ပါတယ် ပြီးနောက် ဘဘ တို့မှ သြ၀ါဒ စကားပြောပါတယ် ။ ဘဘ တို့အား ကျေးဇူးတင် စကားပြောပြီးနောက် အခမ်းအနား ရုတ်သိမ်းပြီး အကျွေးအမွေးနဲ့ဧည့်ခံပါတယ် ။... တက်ရောက်လာကြသူတွေကတော့ NLD MDC အင်္ဂါမိသားစု ကျောင်းသားလူငယ် များ နှင့်အခြား ဧည့်ပရိတ်သတ်များဖြစ်ကြပါတယ်.။ ထို့နောက် ကိုဘိုကြည် အိမ် သို့သွားရောက် ကြပါတယ်။ကိုဘိုကြည် အမေနှစ်ပတ်လည် ပွဲလုပ်ပါတယ်။ ပြီးတော့ငှက်လည်း လွှတ်ခဲ့ကြပါတယ်။.......