06 March 2010

ထိုင်းနိုင်ငံ တွင်အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

ထိုင်းနိုင်ငံ လူမှုဖူလုံရေးနဲ့ အလုပ်သမားကာကွယ်ရေး ဦးစီးဌာနက ကျင်းပတဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို ပူးပေါင်းပါဝင် တက် ရောက်ဖို့ မြန်မာလူမျိုး ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းနဲ့ အတူ မြန်မာအလုပ်သမား အဖွဲ့အစည်းအသီးသီးကို ဖိတ်ကြားခဲ့ပါတယ်။ လာမယ့် မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးနေ့ ကို ကြိုဆို ဂုဏ်ပြုပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်òမိ့မှာ နိုင်ငံတကာ အမျိုးသမီး များနေ့ အဖြစ် ကျင်းပကြတာပါ။

ဒီအခမ်းအနားကို တာ့ခ်ခရိုင်င် လူမှုဖူလုံရေးနဲ့ အ လုပ်သမားဦးစီးဌာန တာဝန်ခံအရာရှိ ကိုယ်တိုင် တက်ရောက်ပြီး ခုလို ပြောကြား ပါတယ်။ “ဒီထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာအလုပ်သမတွေလည်း နိုင်ငံတကာ အမျိုးသမီး တွေနဲ့အတူ တန်းတူ အခွင့်အရေး ရှိတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခုလို ကျင်းပပေးတာပါ။” အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေအတွက် သူတို့ ရသင့်တဲ့ အလုပ်သမား အခွင့်အရေး အပြင် အမျိုးသမီးအနေနဲ့ ရသင့်ရထိုက်တဲ့ အ ခွင့်အရေးတွေကို သိရှိအောင် ပညာပေး ဟောပြောတဲ့ အစီအစဉ်လည်း ပါဝင်ပါ တယ်။ ဒီအခမ်းအနားကို တက်ရောက်ခွင့် ရတဲ့ ဒေါ်စန်းစန်းက သူ့အမြင်ကို ခုလို ပြောပြပါတယ်၊ “ကမ္ဘာ့အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေက ဒီမှာလာပြီး အလုပ် လုပ်ကြတယ်၊ သူတို့ရဲ့ လုပ်အားကလည်း တနည်းတဖုံတော့ ဒီထိုင်းနိုင်ငံရဲ့ စီးပွား ရေးမှာ အထောက်အကူပြုတယ်၊ အဲဒါကြောင့်မို့လို့ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဝန် ကြီးဌာန ကနေ ကြီးမှူးပြီးတော့ ဒီနေ့မှာ အလုပ်သမား အမျိုးသမီးတွေကို အလုပ် သမားဌာနတွေကနေပြီးတော့ သူတို့ရဲ့ ပြဿနာတွေ ရှိရင်လည်း သူတို့နဲ့ တိုင်ပင် ဆွေးနွေးပါဆိုပြီး ခေါ်ပြောတဲ့နေ့၊ အလုပ်သမားရေးရာမှာ အနှစ်သာရနဲ့ ကြီးမှူး ကျင်းပလိုက်တယ်လို့ ပြောချင်ပါတယ်။” နိုင်ငံတကာအမျိုးသမီးများနေ့ ကို တက်ရောက်လာတဲ့ မြန်မာအလုပ်သမ တဦးကတော့ “ဒီလိုနိုင်ငံတကာ အမျိုးသမီးနေ့ ရှိတယ်ဆိုတာကို ခုလို အသက် ၂ဝ ကျော် လောက်မှ သိရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်ပေါ့၊ ကိုယ့်ဘာသာ ကိုယ်၊ ကိုယ့်မြန်မာပြည်မှာလည်း လူငယ်တွေ၊ အမျိုးသမီးတွေ အနေနဲ့လည်း ဒီလို နိုင်ငံတကာ အမျိုးသမီးနေ့ ရှိတယ်ဆိုတာကို သိစေချင်တယ်။” အခုလို ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနအနေနဲ့ နယ်စပ်ဒေသက မြန်မာ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများနဲ့အတူ ၁၉၉ဝ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒေါ်စန်းစန်းကို ပူးပေါင်း ပါဝင်ဖို့ ဖိတ်ကြား ကျင်းပတာ ဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ရင်းမြစ်.. DVB