03 March 2010

ကလေးကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်၍ ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး

အခုဆိုရင် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကိုလည်း တရားမဝင် လူကုန်ကူးမှုတွေ တိုးပွားလာနေတာကို တွေ့ရပါတယ်။ ကြာသပတေးနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ တရုတ်ပြည်ကို လူကုန်ကူးတဲ့ မြန် မာလူပွဲစားနှစ်ဦးကို ဖမ်းမိတဲ့အကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ကို မြန်မာအာဏာပိုင်တွေဘက်က လုပ်ဆောင်နေတယ်လို့ ဆိုပေမယ့်လည်း လူကုန်ကူးခံနေရတဲ့ ပြဿနာတွေ သိသိသာသာ လျော့ကျသွားအောင် မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဘာကြောင့် အခုလို ထိရောက်တဲ့လုပ်ဆောင် မှုတွေကို မလုပ်ဆောင်နိုင်ဘဲ့ ဖြစ်နေရတာပါလဲ။ အခုဆိုရင် မြန်မာပြည်က အမျိုးသမီးတွေသာမက အမျိုးသား တွေကော ကလေးငယ်တွေပါ နယ်စပ်ဖြတ်ကျော်ပြီး လူကုန်ကူးခံနေကြရတာပါ။

လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကတော့ ထိရောက်တဲ့ပညာပေးမှုတွေကို အာဏာပိုင်တွေဘက်က သေသေချာချာ လုပ်ဘို့လိုတယ်လို့ ထောက် ပြကြပါတယ်။ ဒီအကြောင်းကို စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်အောင်နိုင်က ရှင်းပြပေးပါအုံးရှင်။


“လူကုန်ကူးမှုကိစ္စတွေ မြန်မာပြည်မှာရှိနေတာ ဆယ်စုနှစ်နဲ့ချီပြီးတော့ ကြာလာခဲ့ပေမယ့်လည်း ဒီပြဿ နာတွေကို ဖော်ထုတ်တားဆီးဘို့ မြန်မာအာဏာပိုင်တွေဘက်က ထင်ထင်ရှားရှား လုပ်ဆောင်လာတာက ၂၀၀၈ ခုနှစ်လောက်ကမှပါ။ တားဆီးမှုတွေ ရှိနေတယ် ဆိုပေမယ့်လည်း ပြဿနာတွေက လျော့မသွားဘူးလို့ ထိုင်း အခြေစိုက် HREIB လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ဆိုတဲ့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး ကိုအောင်မျိုးမင်း က ပြောပါတယ်။”


“ကျနော်တို့ သုတေသနလုပ်ချက်အရ ဆိုလို့ရှိရင်တော့ ဒီမြန်မာပြည်ကလူတွေ အထူးသဖြင့် ကလေး ငယ်တွေ အပါအဝင် လူကုန်ကူးမှုကိစ္စတွေက ပိုမိုများပြားလာတယ်။ ထိုင်းနိုင်ငံဘက်မှာ ကျနော်တို့ အရင်တုန်း ကဆိုလို့ရှိရင်တော့ ဒီအမျိုးသမီးနဲ့ ကလေးတွေကိုဘဲ့ ကူးသန်းရောင်းဝယ်မှုရှိတဲ့ နေရာကနေ အခုဆိုရင် အရွယ် ရောက်တဲ့ အမျိုးသားတွေကို ကူးသန်းရောင်းဝယ်မှုပုံသဏ္ဍာန် ကျနော်တို့ အများကြီး ပိုပြီးများလာတာကို တွေ့ ရပါတယ်။ နောက်တခု တရုတ်နိုင်ငံဘက်မှာ ဆိုလိုရှိရင်တော့ အမျိုးသမီးနဲ့ကလေးတွေက အရင်ကထက် ပိုပိုပြီး ကူးသန်းရောင်းဝယ်ခံရတဲ့အချက်တွေက ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အစိုးရက ဘာဘဲ့ပြောပြော ဒီလူကုန်ကူး မှုကိစ္စတွေက လျော့သွားတာမျိုး မရှိဘဲနဲ့ ထပ်ပြီးတိုးပွားလာတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”


ဒီကနေထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ဖမ်းမိထားတဲ့ လူပွဲစားတွေရဲ့ အဆက်အနွယ်တွေကို လည်း ဆက်ပြီးတော့ ဖမ်းဘို့ စီစဉ်နေတယ်။ လူထုအတွင်းမှာ အသိပညာပေးမှုတွေကိုလည်း လုပ်နေတယ် ဆို ပေမယ့် ထိရောက်အောင် သေသေချာချာ မလုပ်လို့ အခုလို ပြဿနာတွေဖြစ်နေတာလို့ တရုတ်-မြန်မာနယ်စပ် မှာ အမျိုးသမီးအခွင့်အရေးတွေကို ဆောင်ရွက်နေတဲ့ BWU မြန်မာအမျိုးသမီးများသမဂ္ဂရဲ့ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် မအေးအေးမြင့်က ပြောပါတယ်။ “တကယ်တမ်း ဒီဆက်စပ်မှုတွေ ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင် တကယ်ရောင်းစားခံရမယ့် အခြေ အနေတွေရှိတဲ့ အမျိုးသမီး ထုကြားထဲမှာပေါ့နော်။


ဒီပညာပေးမှုလုပ်ငန်းတွေက အများကြီးလိုအပ်သေးတာပေါ့။ ဒီပညာပေးလုပ်ငန်းတွေကို ထိရောက်အောင် မလုပ်နိုင်သေးသရွေ့ကတော့ ဒီလူကုန်ကူးမှုက ဖြစ်နေမယ်လို့ မြင်တယ်ရှင်။ ထိရောက်မှုရှိအောင် လုပ်ရေးဆိုတဲ့နေရာမှာ ကျမတို့ မြန်မာပြည်တွင်းထဲမှာဘဲ့၊ မြို့ပေါ်မှာတွေ ချည်းဘဲ့ လုပ်နေလို့တော့ မရဘူးပေါ့နော်။ တကယ်အရောင်းစားခံရမယ့် အခြေအနေတွေ ရှိတဲ့ အမျိုးသမီးတွေ ဆိုတဲ့ဥစ္စာက နယ်စပ်ဒေသတွေမှာ၊ နောက်ကျေးလက်ဒေသတွေမှာပေါ့နော်။ အဲလိုနေရာမျိုးမှာဆိုလို့ရှိရင် ပိုမို ပြီးတော့မှ လုပ်ဘို့လိုမယ်လို့ ကျမအနေနဲ့ကတော့ မြင်တယ်ရှင့်။”ကိုအောင်မျိုးမင်းကတော့ မြန်မာပြည်မှာ ထုတ်ပြန်ထားတဲ့ လူကုန်ကူးမှုတားဆီးရေး ဥပဒေဆိုတာက ဒေသတွင်းနိုင်ငံတွေထဲမှာ တော်တော်ကောင်းတဲ့ဥပဒေလို့ ပြောပါတယ်။“မြန်မာနိုင်ငံမှာရှိတဲ့ လူကုန် ကူးသန်းရောင်းဝယ်မှု တားဆီးရေးဥပဒေက အရှေ့တောင်အာရှတခုလုံး မှာ အရမ်းကောင်းတဲ့ ဥပဒေတခုပါ။


ဒါပေမယ့် ဒီဥပဒေကောင်းတဲ့အချက်က စာရွက်ပေါ်မှာရှိပြီးတော့ အမှန်တကယ် ကျင့်သုံးတဲ့နေရာမှာ အားနည်း ချက်တွေ ရှိနေတယ်။ အဲဒီဥပဒေအကြောင်းကို လူတွေ ဘယ်သူမှ မသြိကဘူး။ ပညာပေးတဲ့နေရာမှာ တကယ်တမ်းအဖြစ်များတဲ့ ဒေသတွေအတွင်းမှာ ပညာပေးမှုမရှိဘူး။ အထူးသဖြင့် ကျနော်တို့ ဒီလိုအဖြစ်များတာက တိုင်းရင်းသားဒေသတွေမှာ ရှိတယ်။ အဲတော့ ဒီလိုမျိုးပညာပေးမှုကို တိုင်းရင်း သား ဘာသာစကားနဲ့ မလုပ်တာတွေ၊ NGOတွေကို လုပ်ခွင့်ပေးတယ်လို့ ဆိုပေမယ့် အဲဒီ NGOတွေက စီမံကိန်း သတ်မှတ်ချက် နေရာမျိုးတွေမှာဘဲ့ လုပ်ရတယ်။ အထူးသဖြင့် ဒီအကြောင်းကို ပြောမယ်ဆိုလို့ရှိရင် သူတို့ဝန် ထမ်းတွေအပေါ်မှာ ကန့်သတ်မှုတွေ၊ ဆွေးနွေးမယ့်အကြောင်းအရာကို သူတို့က စိစစ်မှုတွေ လုပ်တယ်။ နောက် တခါ တကယ်အဖြစ်အပျက်များတဲ့ ဒေသအတွင်းမှာ စီမံကိန်းလုပ်ခွင့် သူတို့မပေးဘူး။”


အစိုးရဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို မထိန်းချုပ်နိုင်ရင် လူကုန်ကူးမှုကို ထိန်းချုပ်ဘို့ က လွယ်မှာမဟုတ်ဘူးလို့လည်း ကိုအောင်မျိုးမင်းက ဆိုပါတယ်။ “လူကုန်ကူးမှုမှာ ပြဿနာတခုတက်နေတာကတော့ အစိုးရတွေရဲ့ လာဘ်စားမှုပါ။ အခုကျနော်တို့ ဂိတ် တွေရှိတယ်။ အဲဒီဂိတ်တွေက တကယ်တမ်းသာ ကျနော်တို့ လူကုန်ကူးမှုကို တားဆီးမယ်ဆိုလို့ရှိရင် ဒီဂိတ်တွေ ကနေဘဲ့ ကျနော်တို့ လူကုန်ကူးတဲ့သူတွေကို သူတို့ သိနေတာဘဲ့။ ဒါကို ဥပဒေအရ အရေးယူမှုမရှိဘဲနဲ့ သိသိ ကြီးနဲ့ ခွင့်ပြုထားတာတွေ၊ အစိုးရဝန်ထမ်းတွေ ကိုယ်တိုင်ကိုက ဒါကို ပါဝင်ပတ်သက်မှုရှိနေတဲ့အတွက် တကယ့် အရေးယူဆောင်ရွက်မှု မရှိခြင်းကလည်း လူကုန်ကူးမှုကို တားဆီးဘို့အတွက် တကယ့်ကို အဟန့်အတားဖြစ် တယ်။”လူကုန်ကူးမှုပြဿနာဟာ ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တက်နေတဲ့ ပြဿနာပါ။ အစိုးရတွေ ကိုယ်တိုင်ကိုက ထိထိရောက်ရောက် ဝင်ပြီးတော့ ဖြေရှင်းပေးတာမျိုး မရှိသေးသရွေ့၊ အစိုးရမဟုတ် တဲ့ NGO အဖွဲ့အစည်းတွေရဲ့ ကူညီဖြေရှင်းမှုကို သေသေချာချာ ဝိုင်းဝန်းပူးပေါင်းကူညီတာမျိုး မရှိသေးသရွေ့၊ တိုင်းပြည်ဆင်းရဲနေသရွေ့ ပြေလည်မယ့် ပြဿနာမဟုတ်ဘူး လို့လည်း လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ သူတွေက သုံးသပ်ကြပါတယ်ခင်ဗျား။

ရင်းမြစ် VOA