မြတ်လေးငုံ
09 December 2009
အင်္ဂါဝတ်ပြုဆုတောင်းမိသားစု၏ အလှူဓာတ်ပုံမှတ်တမ်း။
၅.၁၂.၂၀၀၉ စနေနေ့က မြောက်ဒဂုံ (၄၉)ရပ်ကွက် ဘုရင့်နောင်လမ်း အိမ်အမှတ် (၁၃၀၈) မှာ အင်္ဂါမိသားစုမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် သံဃာငါးပါး အားဆွမ်းဆက်ကပ် လှုဒါန်းခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ ကြပါတယ်။
အခမ်းအနားကို အစီအစဉ် (၇)ရပ်နဲ့ကျင်းပခဲ့ပါတယ်။ ဘဘဦးဝင်းတင်၊ ဦးအုန်းမောင်၊ သခင်ဖေသန်း၊ ဦးချို၊ ဖျာပုံနီလုံဦး နှင့် ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ကြပါတယ်။ အဖမ်းဆီးခံထား ရတဲ့ အင်္ဂါဝတ်ပြု ဆုတောင်းမိသားစု အဖွဲ့သားများ အတွက်ကဗျာရွတ်ပါတယ်။ ဘဘဦးဝင်းတင်နဲ့ အဘ ဦးအုန်းမောင်က ထောင်အတွေ့အကြုံတွေ ပြောပြပါတယ်။ တက်ရောက်လာတဲ့ ဧည့်သည်များအား ကျေးဇူးတင်စကား ပြောကြားပါတယ်။
အခမ်းအနားပြီးဆုံးကြောင်း ကြေငြာပါတယ်။ မနက် (၉) နာရီမှ (၁၂) နာရီအထိလို့ သတ်မှတ်ထားပေမယ့် ၁၂ နာရီကျော်မှ ပွဲပြီးဆုံးပါတယ်။ ကြွရောက်လာကြတဲ့ ဧည်သည်တွေကိုအကျွေးအမွေးနဲ့ ဧည်ခံပါတယ်။ ထုံးစံအတိုင်း အိမ်ရှေ့နဲ့ အိမ်မရောက်ခင် လမ်းမှာ ဓာတ်ပုံရိုက် သတင်းယူနေတဲ့ SB နဲ့ ကြံဖွတ်တွေ အများကြီးပါပဲ။
သတင်း ပေးပို့လာတဲ့ အတိုင်း ပြန်လည်တင် ပြလိုက်ပါတယ်။
အင်္ဂါဝတ်ပြုဆုတောင်းမိသားစုများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ အင်္ဂါနေ့တိုင်း ဘုရားမှာ မပျက်မကွက်တက်ရောက် ဆုတောင်းပေးခဲ့ကြပါတယ်။ ထိုသို့တက်ရောက် ဆုတောင်းရာမှာ စစ်အစိုးရ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့ ရဲ၊SB ဘုရားလုံခြုံရေး တို့ရဲ့ အနှောင့်အယှက် ပေးမှုနဲ့ ကိုယ်ထိလက်ရောက် စော်ကားမှုတွေကို ခံခဲ့ရပြီး နောက်ဆုံး မတရားထောင်သွင်း အကျဉ်းချခံနေရပါတယ်။ ထိုကဲ့သို့ အများအကျိုးအတွက် ရဲရဲဝံ့ဝံ့ ဆုတောင်းမေတ္တာပို့ပြီး အနစ်နာခံ တိုက်ပွဲဝင်ခဲ့ကြတဲ့ အင်္ဂါဝတ်ပြုဆုတောင်းမိသားစု အဖွဲ့ဝင်များအား ကျွန်မမြတ်လေးငုံမှ လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါတယ်။
Newer Post
Older Post
Home