08 December 2009

များများ ဖတ်ပါ၊ များများ နားထောင်ပါ။ ပြီးရင် သေသေချာချာ မချွင်းမချန့် သတင်းပို့ ပေးပါ။ ပြီးရင် ကိုယ်ကိုတိုင်လည်း အမှန်အမှား ခွဲခြားပါ။
















ပြည်တွင်းမှ ပြောကြားမှုအရ - “မြန်မာပြည်မှာ ဘီဘီစီ၊ အာအက်အေ၊ ဗွီအိုအေ ပုံမှန် စွဲစွဲမြဲမြဲ နားထောင်တဲ့ သူတွေထဲမှာ နအဖလည်း ပါပါတယ်။ နားထောင်ပြီး အစီရင်ခံစာတွေ နေ့စဉ်တင်ရတဲ့ ဌာနတွေကို တာဝန်ပေးထားတာ (၂၀) လောက် ရှိပါတယ်။ ရှိသမျှ လုံးစေ့ပါတ်စေ့ အကုန်ရေးပြီး တင်ရတဲ့ အစီရင်ခံစာက တနေ့ ကို စာရွက်ရေ ၃ ပိသာ အထက်မှာရှိပါတယ်။ ရှိသမျှ ၀က်ဆိုဒ်တွေ၊ သတင်းဌာနတွေ ဒီဗွီဘီ၊ ဧရာဝတီ၊ မိုးသီးဇွန်၊ နစ်နေမန်း၊ ခေတ်ပြိုင် ရှိသမျှ အကုန်ဖတ်ဘို့၊ သတင်းတပ်ဖွဲ့ တွေတောင် တာဝန်ပေးထားပါတယ်။ ဖိုရမ်တွေ ဘလောက်တွေကိုလည်း ဒီ အတိုင်းပါဘဲ”။

သေသေချာချာသာ ဖတ်ပြီး နားထောင်ပြီး ဘာမှ မချွင်းမချန် သတင်းဆက်ပို့ ပေးရင် နအဖဗိုလ်ချူပ်ကြီးတွေ သိရသလို ဒီလို စောင့်ဖတ် နားထောင်ပြီး သတင်းပေးပို့ ပေးနေရတဲ့သူတွေအတွက်လည်း ကိုယ်ကိုတိုင်လည်း အသိအမြင်လေးတွေ ရတာပေါ့ဗျာ။ အသိအမြင်လေးတွေရတော့ လက်ရှိ နအဖဗိုလ်ချူပ်ကြီးတွေရဲ့  အလိမ်အညာ မီဒီယာတွေနဲ့  မြန်မာပြည်မှာ လက်ရှိ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေ ခွဲခြား သိမြင်နိုင်မှာပါ။



နအဖဗိုလ်ချူပ်ကြီးတွေရဲ့  မတရား ထိန်းချူပ်မှုအောက်မှာ အမှန်ကိုအမှန်အတိုင်း မဝေဖန်ရဲ မပြောရဲဘဲ ပြောခိုင်းသမျှ ရေးခိုင်းသမျှ ပြောဆိုရေးသားနေရတဲ့ သတင်းစာတွေ တီဗွီသတင်းတွေနဲ့ မြန်မာပြည်တစ်ဝှမ်းမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့  ရင်တွင်းက ခံစားပြောဆိုမှုတွေ လက်တွေ့ ကြုံတွေ့ ဖြစ်ပျက်နေမှုတွေကို တင်ပြဖေါ်ထုတ်ပေးနေတဲ့ ပြည်သူ့ ဘက်က ရပ်တည်နေပေးနေတဲ့ သတင်းဌာနတွေ ရေဒီယိုတွေ ဘလော့တွေ ဖိုရမ်တွေက တင်ပြမှုတွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ပါ။

နအဖဗိုလ်ချူပ်ကြီးတွေရဲ့  လှည့်ဖြား လိမ်ညာ ဖုံးကွယ် တည်းဖြတ် ပြင်ဆင် ကန့် သတ် ချူပ်ချယ် ပယ်ဖျက် လိုတာသာ ဖေါ်ပြတဲ့ နအဖမီဒီယာရဲ့  တင်ပြမှုတွေ မမှန်တာကို လက်တွေ့ သိချင်ရင်တော့ ကျွန်တော်တို့  ပြည်သူ့ အသံတွေကို ဖေါ်ထုတ်ပေးနေတဲ့ တင်ပြမှုတွေကို များများသာ ဖတ်ပါ နားထောင်ပါ။ ပြီးရင် ပြည်သူတွေရဲ့  ပကတိ ဘ၀တွေကို သိအောင် ကိုယ်ကိုတိုင် တိတိကျကျ အနှောင်အဖွဲ့ ကင်းကင်းနဲ့  သွားရောက်လေ့လာပြီး နအဖရဲ့  မိုးလုံးပြည့်မုသားတွေကို ပြန်လည်ဖေါ်ထုတ်ကြပါလို့  အဆိုပါ တာဝန်ရှိသူများကို ပြောကြားလိုက်ပါတယ်။ ဒါမှ အမှန် အမှားကို ကိုယ်ပိုင်ဦးနှောက်နဲ့  ဆင်ခြင်သုံးသပ်နိုင်ကြမှာပါ။

ဘီဘီစီ၊ အာအက်အေ၊ ဗွီအိုအေ အစရှိတဲ့ သတင်းဌာနများ၊ ဒီဗွီဘီ၊ ဧရာဝတီ၊ မိုးသီးဇွန်၊ နစ်နေမန်း၊ ခေတ်ပြိုင် အစရှိတဲ့ အင်တာနက်စာမျက်နှာများ၊ ဖိုရမ်များ၊ ဘလော့များကို တာဝန်အရဘဲ ဖြစ်ဖြစ် မိမိကိုယ်တိုင်နှစ်သက်လို့ ဘဲ ဖြစ်ဖြစ် ဖတ်ရှူ နားထောင်တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။