08 December 2009

ပြည်သူအပေါ် အနိုင်ကျင့် ရမ်းကားမှာလား စစ်ဗိုလ်ပေါက်စ အပေါင်းတို့ ။ အာဏာရှင်ကို ငုံ့ ခံမှာလား စစ်ဗိုလ်ပေါက်စ အပေါင်းတို့ ။
































(သံကို သံဖျက် သံချေးတက်၏ ဆိုသကဲ့သို့  ငါးခုံးမတစ်ကောင်ကြောင့် အပြောခံရရင် ပြောတဲ့သူထက် အဆိုပါ ငါးငုံးမကိုသာ ဖယ်ရှားပြီး ကျန်သူတွေ ငါးခုံးမလို မဖြစ်ဖို့ လိုပါတယ်)။

မန္တလေးမြို့ ၏ ဒီဇင်ဘာဆောင်းတွင်း၊ အချိန်ကာလသည် နေခင်းဘက်ဖြစ်သော်လည်း ရာသီဥတု အေးအေးလေးနင့် မြို့ နေလူထု သွားလာလှုပ်ရှားလျက်ရှိကြသည်။

နေ့ ခင်းဘက် အချိန်၊ မန္တလေး ကျူံးတောင်ဘက် (၂၆) လမ်းအတိုင်း သွားလာလျက်ရှိသောလူများသည် မကြာမှီအချိန်အတွင်း မင်းမဲ့စရိုက်နိင်သော အရုပ်ဆိုး အကြည်းတန်လှသည့် မြင်ကွင်းတစ်ခုကို မြင်ရလိမ့်မည်ဟု မည်သူကမှ ကြိုမထင်ထားခဲ့မိပေ။

မန္တလေးကျုံးအနောက် လမ်း (၈၀) မှ (၂၆) လမ်းအတိုင်း ကျုံးရေပြင်ကို ဖြတ်တိုက်လားသော လေအေးလေးများကို ရှူရှိုက်ရင်း ကျွန်တော် ဆိုင်ကယ်စီးလာခဲ့သည်။ (၇၃) လမ်းကို ကျော်အလာ ရှေ့ မှတွေ့ မြင်ရသော မြင်ကွင်းမှာကား ဘယ်လိုမှ မသင့်တော် အရုပ်ဆိုးလှပါသည်။

ပထမဆိုင်ကယ်တွင် သမီးရည်းစားသော်လည်းကောင်း အိမ်ထောင်သည်သော်လည်ကောင်း ဖြစ်ပေလိမ့်မည်။ လူငယ်ကောင်လေးတစ်ဦးနင့် ကောင်မလေးတစ်ဦးတို့ ၏ အတွဲဆိုင်ကယ်ကို ဘေးမှယှဉ်၍ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ယှဉ်စီးကာ နောက်ပြောင်နေသော ဒုတိယဆိုင်ကယ်ပေါ်တွင် မနေ့ တစ်နေ့ ကမှ DSA ဗိုလ်သင်တန်းကျောင်းမှ သင်တန်းဆင်းလာသော ဗိုလ်ပေါက်စနစ်ယောက် ယူနီဖောင်းအပြည့်အစုံနင့် ဆိုင်ကယ်ဦးထုပ် မဆောင်းထားတာ တွေ့ မြင်ရပါသည်။



ထို ဗိုလ်ပေါက်စ နှစ်ယောက်သည် မူးယစ်ရီဝေနေသောမျက်လုံးများဖြင့် အဆိုပါအတွဲ စီးလာသော ဆိုင်ကယ်နောက်မှ ကောင်မလေးကို အသည်းအသန် အလွန်အကျူး မတော်မရာ နောက်ပြောင်လျက်ရှိသည်။ အင်မတန်ကြည့်ရဆိုးပါသည်။ ကောင်မလေးတွင် သက်ဆိုင်သူ ရှေ့ မှပါနေသည်ကို သိသိကြီးနှင့် သိက္ခာတရား မစောင့်ထိန်း၊ လူမှုရေး မလိုက်နာ၊ ရိုင်းပြစော်ကားချက် ရှိနေပေသည်။

စည်းကမ်းရှိစွာ သွားလာနေသော ပြည်သူတွေကို စည်းမဲ့ကမ်းမဲ့ သောက်စားထားသော သူတို့  ကိုယ်သူတို့ နောင်တစ်ခေတ်၏ ခေါင်းဆောင်များဟု မိမိဖာသာ ခံယူထားသူများက သက်သက်မဲ့ နောက်ယှက်နေခြင်းပင် ဖြစ်သည်။

လက်လွယ်စပယ် နောက်မှ ဆိုင်ကယ်ဖြင့် တရားလွန် လိုက်လံနှောင့်ယှက် အစ ခံနေရသော ကောင်မလေးသည် ကြောက်ရွံကာ နေလေပြီ။ နောက်ဆုံးတွင် ဆိုင်ကယ်များကို ရပ်ကာ အတွဲကောင်ကလေးမှ သည်းခံနိုင်မှုထက် ကျော်လွန်နေသော လုပ်ရပ်ဖြစ်သောကြောင့် “မင်းတို့ လမ်းကို မင်းတို့ သွားရင် ကောင်းပါမယ်” ဟု ပြောရတော့သည်။

သို့ သော် ထို အပွင့်တစ်ပွင့်စီ ပုခုံးထက်မှာ ရှိနေသော ရိုင်းစိုင်းသူ ဗိုလ်ပေါက်စ နှစ်ဦးမှာ ပို၍ပင် ဆိုးလာပါတော့သည်။

“မင်းက ဘာကောင်လည်း၊ ချမလား” ဟု ရှေ့ မှ ဆိုင်ကယ်မောင်းသည့် ဗိုလ်ပေါက်စမှ နောက်မှထိုင်စီးသည့် ဗိုလ်ပေါက်စကို “ဟေ့ကောင် - အဲ့ဒီ ဆိုင်ကယ်နံပါတ် မှတ်စမ်း” ဟု ပြောလေသည်။

ဒီဆိုင်ကယ်နှစ်စီးလုံး၏ မြင်ကွင်းကို လမ်းတစ်လျှောက် နောက်မှ ခရီးသွားရင်း ပါလာနေသော ကျွန်တော်အနေဖြင့် ခံပြင်းမိပါသည်။စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာဖြစ်နေသော ဗိုလ်ပေါက်စများက အေးအေးဆေးဆေး သွားလာနေသော ပြည်သူများဖြစ်တဲ့ ကောင်လေးနဲ့  ကောင်မလေးတို့ ကို အရေးယူအုံးမတဲ့။

အဆိုပါ ဗိုလ်ပေါက်စနှစ်ယောက်မှာ အာဏာပါဝါတွေပြကာ ရှေ့ မှ ဆိုင်ကယ်နံပါတ်ကို မှတ်ဖို့ သာ လုပ်နေကြသည်။ ဤသည်မှာ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ ခဲ့ရသည့် မြင်ကွင်းစစ်စစ် ဖြစ်တော့သည်။

စစ်တက္ကသိုလ်ဟုဆိုသော သူတို့ ကျောင်းတော်ကြီးက ဘာတွေများ သင်ပေးလိုက်ပါသနည်း။ သူတို့ ရဲ့  တပ်ချုပ်ကြီးက ဘာတွေများ မိန့် ခွန်းခြွေလိုက်သနည်း။ ဗိုလ်သင်တန်းတွင် သင်ကြားပေးလိုက်တာ အသိထည့်ပေးလိုက်တာက ဒီလို ပြည်သူတွေတွေကို မတရားအနိုင်ကျင့် နှောင့်ယှက် စော်ကား အာဏာပါဝါ့ ပြဖို့ပါလားဟု မေးချင်မိပါတယ်။

အဆိုပါ ရမ်းကားသူ ဗိုလ်ပေါက်စ နှစ်ယောက်သည် ဆိုင်ကယ်ဖြင့် မန္တလေး (၂၆) လမ်းနင့် (၆၆) လမ်းထောင့်မီးပွိုင့် ထိတိုင်အောင် မီးနီ စောင့်နေရင်းလည်း အတွဲဆိုင်ကယ်အား ဆက်လက် နောက်ယှက်နေကြပါသည်။ ထို ဗိုလ်ပေါက်စနှစ်ယောက်၏ မတရား နှောက်ယှက်နေမှုကို ပေါ်ပေါ်တင်တင်ပင် မြင်တွေ့ နေကြပေမယ့် မီးပွိုင့်အနီးရှိ ယာဉ်ထိန်းရဲနားမှ စစ်သားများ ရဲများကလည်း မည်သို့ မျှ ၀င်ရောက်တားဆီးဖြင်း မရှိဘဲ ဒီအတိုင်း ကြည့်နေကြပါသည်။

ထိုသို့  ဗိုလ်ပေါက်စနှစ်ဦး၏ ရမ်းကားမှုလုပ်ရပ်ကြောင့်၊ ရမ်းကားမှုအား မြင်တွေ့ နေပါလျက်နှင့် ၀င်ရောက်တားဆီးကာ တာဝန်အရ မဆောင်ရွက်ရဲသော လစ်လှူရှူနေကြသည့် စစ်သားများနှင့် ရဲများအား အမြင်ကပ်လာခြင်းတို့ ကြောင့် လမ်းဘေးမှ မြင်တွေ့ နေကြရသော ပြည်သူများမှာ မခံမရပ်နိင် ဖြစ်လာကြပါသည်။ နောက်ဆုံး ထို အတွဲဆိုင်ကယ် မန္တလေး (၆၅) လမ်းရှိ မုန့်ဆိုင်တွင်းသို့  ဝင်ထိုင်တော့မှသာလျှင် ထို သကောင့်သား ဗိုလ်ပေါက်စ ရိုင်းစိုင်းသူများ မူးယစ်စွာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ကာ ထွက်ခွာသွားပါတော့သည်။

ယခုဖြစ်ရပ်ကို ကြည့်မည်ဆိုပါက တစ်တိုင်းပြည်လုံးအတွက် ရင်လေးစရာ ဖြစ်ပါသည်။ ယာဉ်ထိန်းတဲအနီးမှ စစ်သားများ ရဲများသည်လည်း ပြည်သူကို ကာကွယ်ရန် မဟုတ်ပါ။ တပ်ချုပ်ကြီး သန်းရွှေ လုံခြုံရေးအတွက်သာ စောင့်ကြည့်နေချင်း ဖြစ်ပါသည်။ ပြည်သူကိုကာကွယ်ရန် လုံးဝမဟုတ်ကြောင်း မျက်မြင် သက်သေပင် ဖြစ်ပါသည်။

စစ်ဝတ်စုံဝတ်ထားပါက ဥပဒေအထက်တွင် ရှိနေပြီဟု တပ်ချုပ်ကြီး သန်းရွှေမှ စကာ အောက်ခြေအဆင့် စစ်ဗိုလ် စစ်သား အများစုက ခံယူထားနေပြီး ဖြစ်ပါသည်။ တိုင်းပြည်အပေါ်သစ္စာရှိသော စစ်သားအနည်းစု (အတော့်ကို ရှားပါးလွန်းနေပါပြီ) မှ လွဲ၍ ထို့ သို့ ဖြစ်နေအောင်လည်း တပ်ချုပ်ကြီး သန်းရွှေက စ၍ ပြည်သူ့ အာဏာကို အလွှဲသုံးကာ ထိပ်ဆုံးမှ လုပ်ပြနေပါသည်။

တစ်တိုင်းပြည်လုံးအရေးထက် ကိုယ့်မိသားစုကောင်းစားရေး၊ မိသားစုနောက်ပိုင်းလုံးခြုံစွာနေနိင်ရေးတို့ သာ သန်းရွှေခေါင်းထဲတွင် ရှိပါသည်။ အခုထိလည်း မည်သူကိုမှ အာဏာ လွဲပေးဖို့ စိတ်မချသေးပါ။ တိုင်းပြည်ချစ်လွန်းလို့ တော့ မဟုတ်ပါ။ ရှေ့ မှ အာဏာရှင် နေ၀င်းလို နေ၀င်းမိသားစုတွေလို အဖြစ်ခံရမှာ တွေးကြောက်နေ၍သာ ဖြစ်သည်။

ရှေ့ တန်းမရောက်ခင် မြို့ ထဲမှာပင် မြို့ နေပြည်သူအပေါ် ဒီလောက် မိုက်ရိုင်းပြနေသော စစ်ဗိုလ်ပေါက်စများကို ကြည့်ရင် တောတောင်ထဲရှိ ရိုးသားသည့် တိုင်းရင်းသားပြည်သူများကို အဆိုပါ စစ်ဗိုလ်များက မည်မျှ မတရား အနိုင်ကျင့်မည်ကို တွေးကြည့်စရာတောင် မလိုလောက်အောင် ကျိန်းသေ ရမ်းကားကြမည်မှာ မလွဲပေ။

နအဖ၏ ကလိမ်ကကျစ်ကျကာ တစ်ဘက်သတ်အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် အခြေခံဖွဲ့ စည်းအုပ်ချူပ်ပုံ (အခြေခံ အောက်ခြေလူတန်းစား ပြည်သူတွေသာ ခံရမည့် ဖွဲ့ စည်းအုပ်ချုပ်ပုံ) တွင် လွတ်တော်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်းဖြင့် ဆက်လက်ချုပ်ကိုင်ပါဦးမတည့်ဗျာ။ မည်သို့ ဖြစ်မည်ကို ပြည်သူများ မည်သို့  ရမ်းကားခံရမည်ကို မတွေးဝံစရာပင် ဖြစ်ပါသည်။

သန်းရွှေမှ ယခုအချိန်ထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စာကိုလည်း မပြန်သေးပါ။ သန်းရွှေသည် တပ်မတော်ကိုလည်း ကိုယ်ကျိုးအတွက် အသုံးချဖျက်ဆီးခဲ့ပြီးပါပြီ။

ပြည်သူကို ချစ်ပါသည်ဟု ဆိုဟန်ပြနေသော ဆိုပြနေသော ပြည်သူ့ ဝန်ထမ်းများ (တပ်မတော်၊ ရဲတပ်ဖွဲ့ ၊ ငှာနဆိုင်ရာဝန်ထမ်းများ ထိပ်ဆုံးမှ ပါသည့်) သူတို့  လေးလေးနက်နက် စဉ်းစားဖို့  လိုပါပြီ။

သန်းရွှေ မိသားစုကောင်းစားရေးအတွက် အလုပ်ဆက်လုပ်နေတာလား။ ပြည်သူ့ အတွက် ဆက်လုပ်မှာလား။

ပြည်သူကို ချစ်သော မျိုးချစ်စစ်သားများ၊ ပြည်သူကို ချစ်သော ရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူဝန်ထမ်းများ ပူပေါင်းပါဝင်မှသာလျှင် ဤ အာကာရူး သန်းရွှေနှင့် နအဖဗိုလ်ချူပ်တစ်စုကို အမြန်ဆုံး ဖယ်ရှားနိုင်မှာ ဖြစ်ပြီး ယခုကဲ့သို့ သော အာဏာပါဝါပြသည့် ရမ်းကားသော မတရားအနိုင်ကျင့်မှုများ ပျောက်ကွယ်မှာ ဖြစ်ပါတယ်။

အမှန်တရားဖြင့် တိုင်းပြည်ကို တိုးတက်စေချင်ပါသည်။

ပြည်သူကို ရမ်းကားသော စစ်ဗိုလ်များရန်မှ ပြည်သူတိုင်း ကင်းဝေးကြပါစေ။

(ယခုဖေါ်ပြချက်အား စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများ၊ ဗိုလ်သင်တန်းဆင်းကာစသူများ၊ လောလောလတ်လတ် ဗိုလ်ဖြစ်နေသူများ ဖတ်ရှူ သိမြင်စေချင်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ယခုဖေါ်ပြတဲ့တစ်ခုထဲသာ ဖြစ်နေတာ မဟုတ်ပါ။ မြန်မာပြည်တစ်ဝှမ်း နေရာဒေသမရွေးမှာ ဖြစ်ပျက်နေပါတယ်။ ဒီဖေါ်ပြချက်ပါ စစ်ဗိုလ်နှစ်ဦးရဲ့  ရမ်းကားမှုလုပ်ရပ်ကြောင့် သိက္ခာကျဆင်းတယ်လို့  မှတ်ယူရင် အဆိုပါ စစ်ဗိုလ်နှစ်ဦးကြောင့် ဒီလိုလုပ်ရပ်ကြောင့်သာ ဖြစ်ကြောင်း အမှန်အတိုင်း သုံးသပ်မြင်တွေ့ ဖို လိုပါတယ်။ ဒီလိုဖြစ်ရပ်တွေကို မြင်တွေ့ ကြသူ မည်သူမဆိုကတော့ ပြောပြ ဖေါ်ပြမှာ ဖြစ်ပါတယ်)။

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။