11 December 2009

ဒလိုင်းလားမား နှင့် ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ မှာ မီးထွန်းဆုတောင်းပွဲ။ (အိန္ဒိယနိုင်ငံ နယူးဒေလီ)



ယနေ့ ၂၀၀၉၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ကျရောက်သော ( ၆၁ )နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေး နေ့တွင်အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့၌ချီတတ်လမ်းလျှောက်ပြီးဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။
ဒလိုင်းလားမားနှင့်ဒေါ်အောင်ဆန်းစုကြည်အတွက်နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာမီးထွန်း
ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်ပါတယ်။

ညနေ ၅ နာရီခွဲမှာ ဂျန်တာမန်တပန်းခြံကနေ စတင်ပြီး ညနေ ၇ နာရီခွဲမှာ ပြီးဆုံးတယ်လို့
သိရှိရပါသည်။ ချီတက်လမ်းလျှောက်ဆုတောင်း သူတစ်ရာကျော်ရှိတယ်လို့လဲသိရှိရပါသည်

အိန္ဒိယနိုင်ငံရောက် စက်တင်ဘာဆရာတော် ဦးထာဝရ က “ ဦးဇင်းတို့ ယနေ့လမ်းလျှောက်ပြီး ဆုတောင်းပွဲလုပ်ပါတယ်။ဒလိုင်း လားမား နှင့် ဒေါ်အောင်ဆန်းဆုကြည် အတွက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ မီးထွန်းဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်ပါတယ်။

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။