09 December 2009

ကိုပင်ဟေဂင် ခရီးစဉ် သွားမည့် ဦးသိန်းစိန် ကျိုင်းတုံ မူးယစ် မီးရှို့ ပွဲတက်ရောက်..။



အမေရိကန် ဒေါ်လာ ၉၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး များမီးရှို့ ပွဲအခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ၌ကျင်းပရာ မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အတူ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ခင်ရီ တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီး ပွဲ အခမ်းအနားသို့ ပြည်တွင်း အခြေစိုက်နိုင်ငံခြားသတင်းထောက်များ၊ ပြည်တွင်း စာနယ်ဇင်းများ၊ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ နှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ် များတက်ရောက်ခဲ့သည် ။

အဆိုပါ မူးယစ်ဆေးဝါးမီးရှို့ ဖျက်ဆီးပွဲ အခမ်းအနားတွင် မီသာဖက်တမင်း စိတ်ကြွဆေးပြား ခုနှစ်သန်း ၊ဘိန်းဖြူ ရှစ်ရာတစ်ဆယ့်ကိုး ကီလိုဂရမ် နှင့် အိုက်စ် ခေါ်လူငယ်များ အသုံးများသည့် ခရစ်စတ္တယ် မီသာဖီတမင်းများ ဆယ်ကီလိုဂရမ် ပါဝင် သည် ဟု သိရသည်။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ မှ ရဲချုပ်ခင်ရီက “ဓာတုဗေဒ ဆေးဝါးများ ဖြင့် ပြုလုပ်ထားသော မူးယစ်ဆေးဝါး များသည် မိမိတို့ နိုင်ငံမှ ထွက်ရှိ ခြင်း မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံများမှဝင်ရောက်လာ ခြင်းဖြစ်သည် ဟု ပြောသည်။

မူးယစ်ဆေးဝါး မီးရှို့ ဖျက်ဆီးပွဲ အခမ်းအနားတွင် တွေ့ ရသည့် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သည် ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင် မြို့ တွင် ကျင်းပမည့် ကမ္ဘာ့ ရာသီဥတုပြောင်းလဲ မှု ဆိုင်ရာ နှီးနှောပွဲ တွင် အီးယူ တာဝန်ရှိ သူများ နှင့် တွေ့ ဆုံမည့် အစီ အစဉ် ရှိသည်။

ကိုပင်ဟေဂင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ရ ရက်နေ့မှ ဒီဇင်ဘာ
လ ၁၈ ရက်နေ့ ထိ ကျင်းပမည် ဖြစ်သည်။

ရင်းမြစ်..။http://longwalktofreedom.wordpress.com/