10 December 2009

အထိန်းသိမ်းခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည် တို့ ယနေ့ထပ်မံတွေဆုံ ...။

[kyi_wideweb__470x321,0.jpg]


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီးနှင့် ယနေ့ ( ၉.၁၂.၂၀၀၉ ) ဗုဒ္ဓဟူးနေ့ကတွေ့ဆုံခဲ့သည်။ ဤတွေ့ဆုံမှုသည် လွန်ခဲ့သည့် (၂)လအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ် ၂၀ အတွင်း ၁၄ နှစ်တာ ထိမ်းသိမ်းခံနေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဆက်ဆံရေးဝန်ကြီးအား ရန်ကုန်မြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာတခုတွင် ၄၅ မိနစ်ခန့်တွေ့ဆုံခဲ့ရပြီး ပြီးခဲ့သည့်လက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သူမပေးပို့ခဲ့သောစာနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ သည်ဟု ယူဆရပါသည်။

၎င်းတို့နှစ်ဦးသည် အောက်တိုဘာ ၇ ရက်နေ့က မြန်မာနိုင်ငံအားပြစ်ဒဏ်ခတ်ထားသည့် စီးပွါးရေးနှင့် အခြားပိတ်ဆို့အရေးယူမှုများအား နိုင်ငံ တကာကလက်ခံသဘောပေါက်လာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကူညီရန်အသင့်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့် ယခင်စာတစောင်နှင့် စပ်လျဉ်း၍လည်း တွေ့ဆုံခဲ့သည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော ပထမစာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ မရောက်မှီတွင် သူမ၏ပါတီက ကြောညာ ချက်ထုတ်ပြန်ခဲ့ပြီး ဒုတိယစာမှာ တရားဝင်မဟုတ်ဘဲ အင်တာနက်ဘလော့ဂ်များမှတဆင့် သတင်းဌာနများသို့ ပျံ့နှံ့သွားခဲ့သည်။

“ဒါဟာ အစိုးရကို မီဒီယာကနေတဆင့် ဖိအားပေးဘို့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်” ဟု မြန်မာ့အလင်းသတင်းစာတွင် ထောက်ပြဆွေး နွေးသူက စာမျက်နှာပြည့် ဖေါ်ပြထားသည်။
အဆိုပါတင်ပြချက်က မီဒီယာကိုမရိုးမသားအသုံးချ၍ စစ်အုပ်စုကို အကျပ်ကိုင်ခြင်းသည် “တဖက်သား၏ တုန့်ပြန်မှုကို နှောင့်နှေးစေနိုင်ပြီး အပေါင်း လက္ခဏာဆောင်သော တုန့်ပြန်မှုကို ရရှိရန်ခက်ခဲနိုင်သည်”ဟု သတိပေး ဖေါ်ပြထားသည်။

“တဖက်သား၏ ရည်ရွယ်ချက်လမ်းကြောင်းသည်ပင်လျှင် ပြောင်းသွားနိုင်သည်”ဟုလည်း ဆိုသည်။

NLD က ပြီးခဲ့သည့်လက ဒုတိယစာပေါက်ကြားမှုနှင့်ပတ်သက်၍ စုံစမ်းခဲ့ပြီး လူငယ်အဖွဲ့ဝင်များထံမှ ပေါက်ကြားခဲ့သည်ကို တွေ့ရှိရကြောင်းပြောခဲ့သည်။

ရင်းမြစ်.။ ကျိုဒို သတင်းဌာန..။