13 May 2012

အလုပ်သမားသမဂ္ဂဖွဲ့ရန် စည်းရုံးသူများ အလုပ်ထုတ်မည်ပာု ခြိမ်းခြောက်


မြန်မာနိုင်ငံအတွင်း အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသော်လည်း အချို့ စက်ရုံများတွင် အလုပ်ရှင်များမှ အလုပ်သမားသမဂ္ဂဖွဲ့စည်းရန် စည်းရုံးလှုံဆော်သည့် အလုပ်သမားများအား အလုပ်ထုတ်ပယ်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံမှ အလုပ်သမားတစ်ဦး၏ ပြော ပြချက်အရ သိရသည်။
“အလုပ်သမား အလုပ်သမားသမဂ္ဂထဲကိုဝင်ရင် အလုပ်ထုတ်ပစ်မယ်။ သက်ဆိုင်ရာနဲ့ စကားပြောရမယ်။ ကိုယ့်ပာာကိုယ် အေးအေး နေဆိုပြီး အလုပ်ရှင်တွေကိုယ်တိုင်က ပြောကြတယ်။ တချို့အလုပ်သမားတွေကတော့ ကြောက်တော့ ဝင်ပြီးသားဆိုရင်တောင် ပြန်ထွက်ဖို့ အတွက် လုပ်နေကြပြီ”ပာု လှိုင်သာယာ တိုင်ရီစက်ရုံမှ အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
ထိုသို့ အလုပ်သမား ခြိမ်းခြောက်မှုကိစ္စရပ်များ ဖြစ်ပွားနေသည့်အတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းသည့် ကိစ္စရပ်အား ကာကွယ် ပေးမည့် ဥပဒေပြဋ္ဌာန်းနိုင်ရန် လိုအပ်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လအတွင်းက ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်သမားတစ်ဦး မှ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရန် စည်းရုံးခဲ့သည့်အတွက် အလုပ်ရှင်မှ အလုပ်ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
“အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်က တရားဝင်ခွင့်ပြုပေးထားတာပါ။ ဒါမှလည်း အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာပေါ့။ ဒီအ ပေါ်မှာ အလုပ်သမားတွေကို အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ စည်းရုံးလှုံ့ဆော်ရင် အလုပ်ထုတ်ပယ်မယ်ဆိုတာပာာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ပာု ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
နိုင်ငံတကာမှ မကြာသေးမီကာလများအတွင်း အလုပ်သမားတို့၏ ရပိုင်ခွင့်များနှင့် အလုပ်ရှင် အလုပ်သမားကြား ပြဿနာများ ပြေ လည်နိုင်စေရန် အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့် ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ကြောင်း သိရသည်။

သတင်း....THE VOICE