16 May 2012

ပြည်တွင်း အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးရန် ILO ထံတင်ပြ


မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပြည်တွင်း အခြေခံလုပ်သားများအတွက် အနိမ့်ဆုံးလုပ်ခလစာနှုန်းထားများ သတ် မှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) မှ တာဝန်ရှိသူတစ်ဦးထံသို့ တင်ပြထားကြောင်း သိရသည်။
“ပြည်တွင်းမှာရှိတဲ့ အခြေခံလုပ်သားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာတွေ သတ်မှတ်ပေးဖို့အတွက် ILO က အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌကို တင်ပြ ထားပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ့် အလုပ်သမားဥပဒေတွေ၊ နည်းဥပဒေတွေ အများအပြား လို အပ်နေပါပြီ။ ဒီကိစ္စတွေကိုလည်း ILO ကို တင်ပြနိုင်ဖို့ အတွက်လုပ်ဆောင်သွားမှာပါ”ပာု အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို ၂၀၁၂ ဇွန်လအတွင်း ဆွစ်ဇာ လန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ၌ ချမှတ်သွားမည်ဖြစ်ပြီး ထိုညီလာခံသို့ မြန်မာနိုင်ငံမှ အစိုးရကိုယ်စားပြု အလုပ်သမား ကိုယ်စားလှယ်တစ်ဦး၊ အလုက်သမားကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်ရှင်ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးပာူ၍ စုစုပေါင်း ကိုယ်စားလှယ်သုံးဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“ဒီပွဲကို သွားတက်ကြမယ့် ကိုယ်စားလှယ်တွေပာာ တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအားလုံးကို ကိုယ်စားပြုပါတယ်။ ဒါ ကြောင့် ဒီပွဲမှာ သွားတက်မယ့်ကိုယ်စားလှယ်တွေပာာ အရည်အချင်းတွေ၊ အရည်အသွေးတွေ ပြည့်ဝဖို့လိုပါလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ အလုပ်သမား တွေရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို တင်ပြနိုင်တဲ့သူ ဖြစ်ရပါမယ်”ပာု အခြေခံလုပ် သားတစ်ဦးက ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးအခြေခံလုပ်ခလစာများကို သတ်မှတ်ပေးနိုင်ခြင်းမရှိသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားကြား ပဋိပက္ခ ပြဿနာများမှာ များပြားလျက်ရှိနေသေးကြောင်း သိရသည်။
သတင်း........Newsday News