19 May 2012

စာနယ်ဇင်းကောင်စီကို ၀င်ရောက်ရန် စာနယ်ဇင်းသုံးဖွဲ့ ငြင်းဆန်


ပြန်ကြားရေးဝန်ကြီး ဦးဆောင်ဖွဲ့စည်းမည့် စာနယ်ဇင်ကောင်စီတွင် ပါဝင်ရန် စာနယ်သမားများစုစည်ထားသော အဖွဲ့သုံးဖွဲ့စလုံး တညီတညွတ် တည်းငြင်းဆန်လိုက်ကြောင်း လူငယ်အယ်ဒီတာတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင် မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့(MJA0)၊ မြန်မာနိုင်ငံဇာနယ်ဇင်းသမဂ္ဂ(MJU)၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ယက် (MJN) တို့ တာဝန်ရှိသူဦးဆောင်သူများ သီးခြားစီတွေ့ရန် အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းရာ၌ ပါဝင်ရန် ပြန်ကြားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ဖိတ်ခေါ်မှုအား သုံးဖွဲ့စလုံးက ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည်ဟု ၎င်းကဆိုသည်။
ဦးကျော်ဆန်းသည် သမ္မတ၏ ညွန်ကြားချက်ဟုဆိုပြီး စာနယ်ဇင်းကောင်စီကို ၎င်းသဘောအတိုင်း ပြန်ကြားရေး၏ အသုံးချခံ အမည်ခံအဖွဲ့အ ဖြစ် ပုံဖော်ရန် ကြိုးစားသည်ဟု စာနယ်ဇင်သမားများမှ သုံးသပ်ကြောင်း ဇာနယ်ဇင်သမားများက ၎င်းတို့၏ဆန္ဒဖြင့် ကိုယ်တိုင်ကိုယ်ကျဖွဲ့စည်းသော လွတ် လပ်သည့် စာနယ်ဇင်းကောင်စီကိုသာ လိုလားကြောင်း လူငယ်သတင်းသမားတစ်ဦးက ပြောကြားသည်။
”သမ္မတက ဖွဲ့စေချင်တာတမျိုး ဦးကျော်ဆန်း ကလယ်ဖန်ထိုးတယ်လို့ ထင်နေကြတယ်။ ဘာလို့ဆို ဦးကျော်ဆန်းက ၄၈ခုနှစ်ကနဲ့ ၆၂ ကြားက သတင်းစာလွတ်လပ်ခွင့် မပေးဘူးလို့ပြောသွားလို့ပဲ”ဟု ဆိုသည်။
နိင်ငံတကာတွင် စာနယ်ဇင်ကောင်စီများ လွတ်ပြီး ဂုဏ်သီက္ခာ သြဇာမြင့်မားကာ သတင်းစာများနှင့် အစိုးရကြား ပဋိပက္ခများသာမက ပြည်သူ များနှင့် သတင်းစာများကြား ပဋိပက္ခများကို ကြားဝင်ဖြေရှင်းပေးနိုင်ကာ ဒီမိုကရေစီ၏ အခြေခံစံနှုန်း သတင်းစာလွတ်လပ်ခွင့်ကို သိက္ခာရှိရှိ ဖော်ဆောင် ပေးကြောင်း နိုင်ငံခြားသတင်းထောက်တစ်ဦးက ပြောကြားသည်။
”စာနယ်ဇင်းဥပဒေကိုလည်း သတင်းစာသမားတွေကို အသိမပေးချင်ဘူးဖုံးထားတယ်။ သူရိုးရိုးသားသားလုပ်တာပါလို့ ထည့်ပြောနေကထဲက မရိုးသားတော့ဘူး။ ပြန်ကြားရေးဝန်ကြီးဆိုတာ သတင်းစာလွတ်လပ်ခွင့်ကို ဖော်ဆောင်ပေးသူပဲဖြစ်ရမှာ။ အခုသတင်းစာလွတ်လပ်ခွင့်မပေးချင်လို့ မဖြစ် ညစ်ကျယ်လုပ်နေတာ”ဟု ၎င်းကဆိုသည်။

သတင်း........  Transparency Myanmar