17 May 2012

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပမည်

အာဆီယံ ပူးပေါင်းအစိုးရ လူ့အခွင့်အရေးကော်မရှင် (ASEAN IntergovernmentalCommission on Human Rights, AICHR) က ၂၀၁၂ ခုနှစ် ဇွန် ၃ ရက်နေ့မှ ၆ရက်နေ့အထိ ရန်ကုန်မြို့တွင် ၎င်း၏ ၆ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပမည်ဟုအာဆီယံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များကဒေသအတွင်း လူ့အခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက် (ASEAN Human RightsDeclaration, AHRD) မူကြမ်းကို  အပြီးသတ် ဆွေးနွေးဆောင်ရွက်မည်ဟု သိရသည်။၎င်းမူကြမ်းကို အာဆီယံနိုင်ငံ အသီးသီး မှ နိုင်ငံခြားရေးဝန်ကြီးများထံသို့တင်ပြမည်ဖြစ်သည်။

ယင်းအစည်းအဝေးသည် မြန်မာနိုင်ငံတွင် ယခင်အာဏာရှင်အစိုးရလက်ထက်မှစ၍ပထမဆုံးကျင်းပသည့် လူ့အခွင့်အရေး ဆိုင်ရာအစည်းအဝေးဖြစ်သည်။

သတင်း.... သီဟမောင်မောင် (ပြည့်သူ့ခေတ်ဂျာနယ်)