16 May 2012

ဌာနဆိုင်ရာ တခုနှင့်တခု အပြောင်းအရွှေ့တွင် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ဒု-သမ္မတ ညွှန်ကြား


၂၀၁၂ မေလ ၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်ခဲ့သည့် Reform Strategy ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက စစ်ဘက်မှ အရပ်ဘက်သို့ ကူးပြောင်းလာသူများ(သို့) ဌာနဆိုင်ရာ တခုမှတခုသို့ ပြောင်းရွှေ့လာသူများအား ဝင်ခွင့်စာမေးပွဲစနစ်ဖြင့် စစ်ဆေးပြီး ဝင်ခွင့်စာမေးပွဲများ ဖြေဆိုအောင်မြင်မှသာ ရာထူးခန့်အပ်ရမည်ဖြစ်ကြောင်း ညွှန်ကြားမှု များ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတဝက်ဆိုဒ်၏ ဖော်ပြချက်အရ သိရသည်။
ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အောက်ခြေအထိ ဆက်ဆံပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲရန်ရှိက ပြောင်းလဲကြရန်လိုအပ်ကြောင်း၊ သာမန်အားဖြင့် အောက်ခြေမှ တက်လာသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင်ပြောရန် မရှိသော်လည်း ကြားမှဖြတ်ဝင်လာသော ပုဂ္ဂိုလ် များ ရှိလာပါက မူလဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းနိုင်သည့်အတွက် ဝန်ကြီးဌာန၏ လုပ်ငန်းများလည်း အထိုက်အလျောက် ကျဆင်းနိုင်ကြောင်း၊ ထို့ ကြောင့် မိမိခန့်ထားလိုသူရှိပါက အရည်အသွေးကို သိရှိနိုင်ရန် ဝင်ခွင့်စာမေးပွဲများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းက ပြောကြားသည်။
မြန်မာနိုင်ငံအား ပြုပြင်ပြောင်းလဲမည့် စီမံချက်မူကြမ်းကို ယခုလကုန်အပြီးတွင် ဆောင်ရွက်တင်ပြရမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် မူဝါဒနှင့် ကြီးကြပ်မှုကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တွင် အတွေ့အကြုံအားနည်းသည့်သဖြင့် အကောင်အထည်ဖော်မှုအပိုင်းတွင် ခက်ခဲ နိုင်ကြောင်း၊ သေချာလေ့လာလိုက်စားပါက အရည်အသွေးတက်လာနိုင်ကြောင်း၊  မြန်မာနိုင်ငံအား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ကျင်းပခဲ့သည့်  Reform Strategy ရှင်းလင်းဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင်၎င်းမှ ဆက်လက်ပြောကြားသည်။
ဝန်ကြီးဌာနများအား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ဦးစီးဌာနများဖောင်းပွနေမှုရှိမရှိ၊ လေလွင့်မှုများ ရှိမရှိ ပြန်ကြည့်ရန်လိုအပ် ကြောင်း၊ ပြုပြင်ရန် လိုမလို၊ လက်ရှိအတိုင်း သွားရန် လိုမလို စဉ်းစားဆောင်ရွက်ကြရန်နှင့် ပြုပြင်ရန်ရှိက အမြန်ဆောင်ရွက်ရန်လိုကြောင်း ဆိုသည်။
ယင်းစည်းဝေးပွဲအခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအပါအဝင် ပြည်ထောင်စုဝန်ကြီး
များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအား Political Reform, Administration Reform, Economic Reform, Social Reform စသည့်ကိစ္စရပ်များကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက် သွားရန် ဒေါက်တာစိုင်းမောက်ခမ်းက ညွှန်ကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
               သတင်...... yangonchronicle