26 April 2012

ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ပြောကြား ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ပထမ အကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို တက်ရောက်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

 NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရေးအတွက် အခြေခံဥပဒေ ဇယား ၄ ပါ စာသားကို ပြင်ဆင်ပေးဖို့ တင်ပြချက်ကို နိုင်ငံတော်သမ္မတအနေနဲ့ ဒီရက်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဆိုရတာဖြစ်ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ရောက်ခင် ကျမ်းသစ္စာကျိန်ဆိုရမဲ့ အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို " ကာကွယ်စောင့်ရှောက်ပါမည် " ဆိုတဲ့ စာသားကို NLD က သဘောမတူနိုင်တာကြောင့် " လေးစားလိုက်နာ ပါမည် " ဆိုတဲ့ စာသားနဲ့ ပြင်ဆင်ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ် တာကြောင့် အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ပြောကြား ထားပါတယ်။


 ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ပြောကြား ထားပါတယ်။



သတင်း...RFA