24 April 2012

ငါတို့သည်......အရှက်မရှိပါဟု ဝန်ခံ ကတိပြုပါသည်။

ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ 

 ယခုအစားထိုးခန့်အပ်လိုက်သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့် ၈ ဦး ဗိုလ်မှူးကြီး အဆင့် ၁၄ ဦး နှင့် ဒုဗိုလ်မှူးကြီး အဆင့် ၃၇ ဦးတို့ ပါဝင်သည်ကိုတွေ့ရကာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထက် ရာထူးမြင့်မားသူ ဆယ်ဂဏန်းနှင့်ချီ ပါဝင်လာခြင်းဖြစ်သည်။

ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။