24 April 2012

ဂျပန်နိုင်ငံ သတင်းထောက်များကို သမ္မတဦးသိန်းစိန် ကဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ၀င်ရောက်လာတာကို ကြိုဆိုပါတယ်ဟု ပြောကြား

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ၀င်ရောက်လာတာကို ကြိုဆိုပါတယ် လွှတ်တော်ကို တက်ဘို့ကိစ္စကတော့ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် အဆုံးအဖြတ်ပေးရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံ သတင်းထောက်များကို သမ္မတဦးသိန်းစိန် က ပြောကြားလိုက်ပါတယ်။

သတင်းထောက်တဦးရဲ့ အမေးကို ဖြေကြားရာမှာ ဦးသိန်းစိန် က မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီနည်းလမ်း တကျ ပြုပြင် ပြောင်းလဲ မူတွေ ချမှတ်ပြုလုပ်နေတာ ကို နောက်ကြောင်းပြန် မှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် နဲ့ ရည်မှန်းချက် တူညီတဲ့ ဆောင်ရွက်ချက်တွေကို ပူးပေါင်းဆောင်ရွက် မှာဖြစ်ကြောင်း လဲ ပြောသွားပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာအပြောင်းအလဲများ လုပ်ပေးမပေး မေးမြန်းရာမှာတော့ ဒီကိစ္စကို ပြည်သူကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်ပြည်သူ့ ဆန္ဒနဲ့ ပြည်သူရဲ့ ရွေးချယ်မူသာ အဓိကဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။
 


သတင်း..... RFA
ဓာတ်ပုံ .... AP