23 April 2012

တိုင်းပြည်နဲ့ ဆိုင်သလား မဆိုင်သလား ကျနော်တို့ ဆန်းစစ်ရမယ် -ကြံ့ခိုင်ရေးအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အင်တာဗျူး

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၄၀ ကျော်ဟာ တနင်္လာနေ့ ပြန်စမယ့် လွှတ်တော်အစည်းအဝေးတွေကို မတက်ရောက်နိုင်သေးပါဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့စကားရပ်ကို မပြင်ဆင်မချင်း လွှတ်တော်ကို တက်မှာမဟုတ်ဘူးလို့ အဖွဲ့ချုပ်က ဆိုပါတယ်၊ ဒီလို ပြင်ဆင်ဖို့ ကိစ္စဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ်နေတာကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်နေတာကြောင့် လွှတ်တော်မှာ အဓိက အဆုံးအဖြတ်ပေးမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထွေထွေအတွင်းေ၇းမှူး ဦးဌေးဦးကို - ကိုနေသွင်က ဆက်သွယ်မေးကြည့်ထားပါတယ်၊