26 April 2012

မြန်မာ့ပထမဆုံး ရုပ်သံလွှင့်ဥပဒေ ဒီနှစ်အကုန်ပိုင်းလောက်မှာ ထွက်ပေါ်လာဖို့ရှိ (ရုပ်သံ )

ဲမြန်မာ့ပထမဆုံး ရုပ်သံလွှင့်ဥပဒေ ဒီနှစ်အကုန်ပိုင်းလောက်မှာ ထွက်ပေါ်လာဖို့ရှိတယ်လို့ သိရပါတယ်။ ရုပ်သံလွှင့်ဥပဒေရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ ဧပြီလ ၂၃-ရက်နေ့က ကျင်းပ ခဲ့ပါတယ်။ ရုပ်သံလွှင့်ဥပဒေ ရေးဆွဲမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲထွဋ်ကို ဒီဗွီဘီ ဦးတိုးဇော်လတ်က နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။