05 January 2012

လွတ်လပ်ရေး၏ အရသာနှင့်တန်ဖိုးကို ခံစားသိရှိနိုင်ရန် စွဲမြဲသောယုံကြည်ချက်နှင့် သန္နိဋ္ဌာန်ချ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း


ယနေ့ပြုလုပ်သည့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ပြုလုပ်သည် ။ ထိုအခမ်းအနားတွနိုင်ငံရေးအကျဉ်းသားအားလုံး ဆက်လက်လွှတ်ပေးရန် တိုက်တွန်း ပြောဆိုရမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ စေတနာကို ယုံကြည်သော်လည်း လူတဦးတယောက်တည်းဖြင့် သွား၍ မရကြောင်း၊ အားလုံးတွင် တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့က ယုံကြည်ချက်နဲ့ လုပ်နေတဲ့သူတွေပါ။ ယုံကြည်ချက်ဆိုတာက မူတွေကို ယုံကြည်တာလည်း ရှိတယ်။ ကိုယ့်ရဲ့ အစွမ်းအစကို ယုံကြည်တာလည်း ရှိတယ်။ အဖွဲ့ချုပ်က ဒီမိုကရေစီမူတွေကို ယုံကြည်လို့ နှစ် ၂၀ ကျော် ရုန်းကန်ခဲ့တာဖြစ်တယ်။ ကျမတို့က ဒီမိုကရေစီမူတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတခု ထူထောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိစေချင်ပါတယ်။ အခက်အခဲတွေကြားက ဆက်လုပ်သွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်.။