




၂-၁-၂၀၁၂ နေ့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှုတွင်ကျဆုံးသွားသော မီးသတ်ဝန်ထမ်းငါးယောက်အတွက် အလှုငွေပေးအပ်ခြင်း ကို ရန်ကုန်တိုင်းကျောက်မြောင်းရှိ တာမွေမြို့နယ်မီးသတ်သို့သွားရောက်လှုဒါန်းခဲ့ပါသည်။
တာမွေမြို့နယ်မီးသတ်မှ မီးသတ်ဝန်ထမ်းငါးဦး သေဆုံးပြီး ၁၃ ဦးအတွင်းလူနာအဖြစ်တက်ရောက်ကု သနေရကြောင်းပြောပြပါသည်။ ၎င်းအတွင်းလူနာအဖြစ်ကုသခံနေသော ၁၃ ဦးအနက် ၃ ဦးမှာ ဒဏ်ရာသက် သာဆေးရုံမှပြန်လည်ဆင်း လာပြီဖြစ်ပြီး၊ နှစ်ဦး မှာကြပ်မတ်ကုသဆောင် တွင် ဝေဒနာပြင်းထန်စွာ ခံစားနေရကြောင်းပြော ပါသည်။ မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီအားပေးနှုတ်ဆက် စကားများပြောကြားကာ ပြန်ခဲ့ကြပါသည်။
သတင်းပေးပို့ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။