05 January 2012

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ညနေ ၆ နာရီက တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်လျက် ခဲ့ပါသည်.။

ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု - အဲဒီအခန်းဖြတ် (ဒါရိုက်တာ ဝိုင်း) ရရှိသွားပါသည်။

အကောင်းဆုံး Animation ဆု - Unity & Freedom (ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း)ရရှိသွားပါသည်။

အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု - ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark)ရရှိသွားပါသည်။

အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု - ကြိုး (String) (ဒါရိုက်တာ မင်းသိုက်)ရရှိသွားပါသည်။

အကောင်းမှတ်တမ်းရုပ်ရှင် (Documentry) ဆု - Click in Fear ဆုံး (ဒါရိုက်တာ စိုင်းကျော်ခန့်)ရရှိသွားပါသည်။


" မင်္ဂလာပါ ဒီမိုကရေစီ " ဟူသော အမည်ဖြင့် ရုပ်ရှင်ပြိုင်ပွဲ တစ်ရပ် ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားတွင် နိုင်ငံကျော် ဟာသ အနုပညာရှင် ဦးသူရ ခေါ် ဇာဂနာက မီဒီယာများသို့ ပြောကြားသည်။


အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ဒါရိုက်တာ မင်းသိုက်၏ “ကြိုး (String)” ရုပ်ရှင်ကား။