NLD ပါတီဟာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အမာခံနယ်မြေ ဖြစ်တဲ့ နေပြည်တော် ၄နေရာ အပါအဝင် လစ်လပ် ၄၈ နေရာလုံးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ကြေညာထားပါတယ်။အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင် ခွင့်ပြုချက် ချပေးလိုက်ပြီလို့ သတင်းရရှိ ပါတယ်။ပါတီအနေနဲ့ လာမယ့် ဇန်နဝါရီ ၉ ရက်ကစလို့ တပြည်လုံးမှာ ဝင်ခွင့်လျှောက်လွှာ ပုံစံတွေပေးပြီး ပါတီဝင်အသစ်တွေ လက်ခံမယ်လို့သိရပါတယ်။