24 December 2011

တိုင်းရင်းသားများပညာရေးရန်ပုံငွေပွဲတော် ခွင့်ပြုမိန့်ရပြီ

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေ ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်၏ ၂၃ .၁၂.၂၀၁၁ နေ့ တော်ဝင်နှင်းဆီခြံတွင့်ပြုလုပ်ခဲ့သော ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲ မှ ကျင်းပရန် ပွဲခွင့်ပြုမိန့်ရရှိပြီဖြစ်ကြောင်း တရားဝင်ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးဆောင်ရွက်သော ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်အား ဒီဇင်ဘာလ ၃၀ ရက်တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ၌ကျင်းပရန် ပွဲခွင့်ပြုမိန့်ရရှိပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်အား နံနက် ၉နာရီတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ဂီတပွဲတော်အား ညနေ ၃ နာရီမှ ည ၁၁ နာရီခွဲခန့်ထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။