18 December 2011

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ကြားဖြတ်ရွေးကောက်ပွဲဝင်ဖွယ်ရှိ

လွတ်လပ်ရေးဗိသုကာ ဦးအောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်အဖြစ် တာဝန်ယူခဲ့သော ဒေါက်တာတင်မျိုးဝင်းသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း ဒေါက်တာတင်မျိုးဝင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လာမည့် ဒီဇင်ဘာလ ၂၄ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် NLD အနေဖြင့် ခေါင်းဆောင်များရွေးချယ်ပြီး နေပြည်တော်သို့ နေချင်းပြန်ခရီး သွားရောက်ကာ မှတ်ပုံတင်မည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုဒေါက်တာတင်မျိုးဝင်း ရွေးကောက်ပွဲဝင်မည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါက်တာတင်မျိုဝင်း ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်သည် ယခု စက်မှု (၁) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း မဲပုံးထောင်ခဲ့သည့် နေရာဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း NLD ပါတီနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

NLD ပါတီ၏ ရုံးအဖွဲ့မှူးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်မှာ မန္တလေးတိုင်းတိုင်းဒေသကြီး မိထ္တီလာမြို့နယ်မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ၎င်းက ဆိုသည်။

သတင်း....Transparency Myanmar