24 December 2011

မြန်မာ နိုင်ငံတွင် ပုဂ္ဂလိက တက္ကသိုလ် ပထမဆုံး ဖွင့်လှစ်သွားမည်

မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ်ဖြစ်တဲ့ ဗစ်တိုးရီးယား ယူနီဗာစတီ ကောလိပ် ကို လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်း လင်းပွဲမှ သိရပါသည်။

အဆိုပါ ကောလိပ်မှာ ဗြိတိန် နိုင်ငံရဲ့ ၉ တန်း ၁၀ တန်းအဆင့် Sixth Form ကို ပြည်တွင်းမှာ IGCSE ဖြေဆိုဖို့ မလိုဘဲ တက်ရောက်နို င်မှာ ဖြစ်ပါသည်။ အဆိုပါ အတန်းရဲ့ ပထမနှစ် သင်တန်းကို အခြေခံပညာ အလယ်တန်း အဋ္ဌမတန်း အောင်မြင်ပြီးသူ ဒါမှမဟုတ် Secondary Level II ကို အောင်မြင်ပြီး သူတိုင်း တက်ရောက် နိုင်တယ်လို့ သိရပါသည်။ ဒ့ါအပြင် Sixth Form ရဲ့ ဒုတိယနှစ် သင်တန်းကိုတော့ န၀မတန်း အောင်မြင်ပြီးသူ ဒါမှမဟုတ် Secondary Level II အောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်တာ ဖြစ်ပါသည်။

ဒ့ါအပြင် ပထမအဆင့် ဒီဂရီဒီပလိုမာဖြစ်တဲ့ Higher National Diploma အတွက်ကိုတော့ ၁၀ တန်း အောင်မြင်ပြီးသူတိုင်း တက်ရောက် သင်ကြားလို့ ရမှာဖြစ်တယ်လို့ သိရပါသည်။ အဆိုပါ ကောလိပ်မှာ သင်ကြားမှု ဆရာ ၊ ဆရာမတွေ အနေနဲ့ အင်္ဂလန် ၊ အမေရိကန် ၊ အိန္ဒိယ အစရှိတဲ့ ပြည်ပ နိုင်ငံများမှ ပညာရှင်များနဲ့ ပြည်တွင်းရှိ HND ဘွဲ့ ရရှိထားတဲ့ ဆရာ ၊ ဆရာမ များက သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါသည်။

သတင်းရင်းမြစ်...MRTV-4