26 November 2010

ငါးမင်းဆွေလား ဖားမင်းဆွေလား သူ့ရဲ့ လုပ်ရပ်ကို ထောက်ခံပြောဆိုတဲ့ နအဖကြေးမုံအွန်လိုင်းက အမှားအယွင်းတွေ ရေးသား။


ငါးမင်းဆွေ လုပ်ရပ်ကို မြှောက်ပင့်ပြီး ရေးသားတဲ့ နအဖ ၀ါဒဖြန့် ချီရေး ကြေးမုံအွန်လိုင်းက ရေးသားချက် (http://www.kyaymon.info/2010/11/coward-dawsu.html) ထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားရေးသားထားပါတယ်။ ကြေးမုံအွန်လိုင်းဟာ နအဖရဲ့  ၀ါဒဖြန့် ဖို့ သက်သက် ဖန်တီးတာမို့  ရေးထားချက်တွေဟာလည်း မမှန်မကန်တွေ ရေးထားတယ်ဆိုတာ သိပ်သိသာပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ဟောင်း ဦးသန့် နဲ့ ပတ်သက်ပြီး နေ၀င်းအာဏာရူးရဲ့  လုပ်ရပ်ကို ကန့် ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့  လှုပ်ရှားမှုဖြစ်တဲ့ ၁၉၇၄ ခုနှစ် ဦးသန့်  အရေးအခင်းကို ခုနှစ်မှားပြီး ၁၉၇၅ ဦးသန့် အရေးအခင်းဆိုပြီး မှားယွင်းစွာ ဖေါ်ပြထားတာ တွေ့ မြင်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးမှာ မနေ့ မနက်က ငါးမင်းဆွေဆိုသူရဲ့  လုပ်ရပ်ဟာ နအဖတွေက နောက်ကွယ်ကနေ စီစဉ်ခိုင်းစေတယ်လို့  ပြည်သူများရဲ့  ပြောဆိုသံတွေ ကြားသိရပါတယ်။