22 November 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းများ..

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်လူကြီးများ တိုင်းရင်းသားခေါင်းဆောင်များ အစည်းအဝေးတစ်ခု..

မနက်ဖြန်(၂၂)ရက်နေ့ မနက်(၁၀)နာရီမှာ ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်...။

အန်ကယ်တို့ မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးပါမယ်.. မနက် ၁၀နာရီလောက်မှာ စတင်ပါမယ်.. ပြည်နယ်နှင့်တိုင်း အသီးသီးက လူငယ်အဖွဲ့ဝင် ၁၀၀ကျော်လောက် ရောက်ရှိနေပါပြီ..။ အန်ကယ်တို့ CECနဲ့ CC တွေလည်း တက်ရောက်ပါမယ်.. ဟု ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်...။

တောင်ဒဂုံမှHIV ဝေဒနာရှင်များ နောက်ဆက်တွဲသတင်း

ဆက်လက်ပြီး ပြီးခဲ့တဲ့ ၁၈ရက်နေ့က တောင်ဒဂုံမြို့နယ်မှာရှိတဲ့ အဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ HIV ဝေဒနာသည်များ လက်ခံထားရှိတဲ့ ဂေဟာမှ ဝေဒနာရှင်များအား ဧည့်စာရင်း တိုင်ကြားခွင့်အား ပိတ်ပင်လိုက်ခြင်းနှင့် ပတ်သတ်ပြီး နောက်ဆက်တွဲ အခြေအနေများကို မေးမြန်းကြည့်ရာမှာတော့.. သူတို့ ကျန်းမာရေးဋ္ဌာနက လာညှိတယ်.. သာကေတဘက်မှာ Campတွေ လုပ်ထားတယ်ပြောတယ်..။ Camp တွေကို လိုက်ကြည့်မယ် လူနာတွေအတွက် သင့်တော်မယ့် အခြေအနေ လက်ခံနိင်မယ့် အခြေအနေရှိမရှိ သွားကြည့်မယ်..။ အဆင်ပြေရင်နေမယ် မပြေရင် ဒီမှာပဲဆက်နေမယ်.. လူနာတွေကတော့ ဒီမှာနေရတာ အဆင်ပြေတယ်လို့ သတ်မှတ်ကြတယ်..။ ဒီမှာနေရတာက စေတနာပါတယ်.. နွေးထွေးမှုရှိတဲ့ အနေအထားတွေရှိတာပေါ့ ဟုပြောဆိုသွားပါတယ်..။

အဆိုပါ စောင့်ရှောက်ရေး ဂေဟာများကို ၂၀၀၂ခုနှစ်ကတည်းက အဖွဲ့ချုပ်၏ အစီအစဉ် ဝေဒနာရှင်များအား လက်ခံခဲ့ပြီး အဖွဲ့ချုပ်ဗဟိုကော်မတီဝင် စေတနာရှင် မဖြူဖြူသင်းမှ ဦးဆောင် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်...။ နိုဝင်ဘာလ ၁၇ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဝေဒနာရှင်များအား တရင်းတနှီးသွားရောက် တွေ့ဆုံခဲ့ပြီး နောက်တစ်နေ့မှာပဲ ရပ်ကွက်အာဏာပိုင် ဆိုသူများမှ အဆိုပါဂေဟာတွင် နေထိုင်ဆေးကုသနေသူများအား နေထိုင်ခွင့် ဧည့်စာရင်းတိုင်ခွင့်အား လာမည့် ၂၅ရက်နေ့အထိသာ ခွင့်ပြုမှာ ဖြစ်ကြောင်း ဖိအားပေး အကြပ်ကိုင်ခဲ့ပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်ဟု ပြောဆိုခဲ့ပါတယ်..။