24 November 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သားငယ်ဖြစ်သူ ကိုထိန်လင်းနှင့် မနက်ဖြန် ၂၄ရက်နေ့ မနက်(၇)နာရီမှာ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်မည်..။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ဟာ မနက်ဖြန် မနက်(၇)နာရီမှာ မြန်မာပြည်ရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်မည် ကြည်ညိုမည် ဖြစ်ကြောင်း သိရှိရပါတယ်..။

(UNDP) ဋ္ဌာနေကိုယ်စားလှယ် အကြီးအကဲ Mr Bishow Parajuli

ယနေ့မနက် ၁၀နာရီမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာပြည်ဆိုင်ရာ (UNDP) ဋ္ဌာနေကိုယ်စားလှယ် အကြီးအကဲ Mr Bishow Parajuli အားလက်ခံတွေ့ဆုံ စကားပြောဆိုခဲ့ပါတယ်..။ ယနေ့နိုင်ငံအသီးသီးမှ ဆက်သွယ်မေးမြန်းချက် အင်တာဗျူးများအား ပြန်လည် ဖြေကြားခဲ့ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။

ရှေ့နေကြီးဦးဥာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရခြင်း မဟုတ်ကြောင်းပြောဆို..

ယနေ့ အင်တာနက် သတင်းစာမျက်နှာများမှာ ပါရှိတဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်း လက်ကိုဖုန်းဖြတ်တောက်ခံရခြင်း သတင်းအား မေးမြန်းကြည့်ရာမှာ လတ်တလော နေ့စဉ်ရက်ဆက် အရေးကြီး ကိစ္စများ လုပ်ဆောင် နေရသဖြင့် မအားမလပ်သောကြောင့် ဘီလ်ဆောင်ရန် အချိန်မရသဖြင့် ဖုန်းပိတ်ထားသည်ကို မသိရှိလိုက်ခြင်း ဖြစ်ကြောင်း.... ယနေ့သွားရောက် ဘီလ်ဆောင်ပြီး ဖြစ်တဲ့အတွက် မနက်ဖြန်မှာ ပြန်လည် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

သတင်း... ဒီမိုဝေယံ