26 November 2010

၂၅ရက်နေ့ရ အဖွဲ့ချုပ်သတင်းများ..

ဘဘဦးဝင်းတင်၊ ဦးသုဝေ၊
ကျွန်တော်တို့ လူထုခေါင်းဆောင် ၂၅ရက်နေ့က ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးသို့ ရောက်ရှိလာစဉ်.. (ဓာတ်ပုံ.. AP)
Align Centerဘဘဦးဝင်းတင်၊ ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်သန်းသန်းနုတို့ အဖွဲ့ချုပ် ရုံးရှေ့မှာ တွေ့ရစဉ် (AP)

၂၅ရက်နေ့မနက် ၁၀နာရီခွဲခန့်က ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း၌ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဗိုလ်ကြီးဝင်းထိန်တို့အား ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အဖွဲ့ဝင်၈ဦးမှ လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါအစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..

ဒီနေ့ အန်ကယ်တို့ ၁၀နာရီခွဲလောက်မှာ ဆွေးနွေးပါတယ်... အဓိကက အန်ကယ်တို့ အဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အဆင့်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပါတယ်..။ ဦးသုဝေတို့ကလည်း အကြံပေးပါတယ်.. ဒုတိယပင်လုံ ကိုလည်း သူတို့ အပြည့်အဝ ထောက်ခံပါတယ်.. သို့သော်လည်းပဲ ဒါဟာအင်မတန် သိမ်မွေ့တဲ့ အတွက် လုပ်ငန်းလုပ်တဲ့ အခါမှာ သတိထားဖို့ အကြံပေးပါတယ်..။ ဦးသုဝေနဲ့ အတူ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဘဆွေ၊ ဦးညွန့်လှိုင်၊ နေဖူးဘဆွေနဲ့ နောက် ၂ယောက်ပါတယ်..ဟု ပြောဆိုသွားပါတယ်..။


(thanksgiving day) ကျေးဇူးတော်နေ့ အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ခရစ်ယာန်အသင်းတော်မှ လာရောက်ဆုတောင်းပေးခဲ့

နိုဝင်ဘာ ၂၅ရက်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ thanksgiving day (ကျေးဇူးတော်နေ့) အထိမ်းအမှတ်နေ့ ဖြစ်သည့်အတွက် ထိုနေ့မနက် မနက်(၈)နာရီက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်သော အင်းစိန်ရွာမ ခရစ်ယာန်အသင်းတော်မှ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေအိမ်သို့ လာရောက်၍ (၁)နာရီခန့် ဝတ်ပြုဆုတောင်း ပေးခဲ့ကြောင်း သိရှိရပါသည်..။

မနက်ဖြန် ၂၆ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်အား INGO (INTERNATIONAL NON GOVERMENT OGANIZATION) အဖွဲ့ဝင်များမှ လာရောက် တွေ့ဆုံဖို့ ရှိကြောင်း သိရှိရပါတယ်..။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့တဲ့ တခြားအဖွဲ့အစည်းတွေကတော့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြတ်စံ၊ ကိုတိုးကျော်လှိုင်တို့နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမိုးကောင်းတို့နဲ့ တွေဆုံခဲ့တယ်လို့ သိရှိရပါတယ်..။

သတင်း.. ဒီမိုဝေယံ