ပြန်ကြားရေးဝန်ကြီးဌာန ဗီဒီယိုလုပ်ငန်း  စိစစ်ကြီးကြပ်ရေးကော်မတီ ရန်ကုန်တိုင်းမှ ဆင်ဆာမဲ့ မြန်မာဇာတ်လမ်း၊  မြန်မာကာရာအိုကေ၊ လုပ်ငန်းရှင်များက ထုတ်လုပ်သော အငြိမ့်၊ လက်ဝှေ့၊  တရားခွေတို့ကို ဗွီစီဒီ၊ ဒီဗွီဒီ ၊ ခိုးကူးခွေများကို ငှားရမ်း၊ ပြသ၊  ဖြန့်ချိ၊ ရောင်းချ (လမ်းဘေး ဈေးသည်များ အပါအဝင်) သူများအား ဇွန် ၁ ရက်မှ  စတင်၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံ  ရှင်းလင်း ပွဲကို မေ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက စမ်းချောင်းမြို့နယ်  ဗဟိုလမ်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။ အစီအစဉ်အရ ဗီဒီယို စိစစ်ကြီးကြပ်ရေး  အတွင်းရေးမှူး ဦးသိန်းနိုင်က သတ်မှတ်ထားသော စည်ကမ်းချက်များကို  တိကျလိုက်နာကြရန်နှင့် ပျက်ကွက်ပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည့်  အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော လုပ်ငန်းရှင်များက  မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ  ၃၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
