" အယောက် ၁၀၀ မြောက် ဖြစ်တဲ့ ကလေးတစ်ဦးကို မေလ  ၂၆ ရက် နေ့က အုပ်ထိန်းသူတွေထံ ပြန်လည် အပ်နှံနိုင်ခဲ့ပါတယ်"ဟု  ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ရုံးမှ  ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်(လ်)က မေလ ၂၇ ရက်နေ့တွင်  ပြောကြားခဲ့သည်။ 
  မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၆  ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်ကို  သဘောတူညီခဲ့ပြီး ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် CRC စာချုပ်အဖွဲ့ဝင်  နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်လာပြီးနောက် ကလေးသူငယ်ဆိုင်ရာ  ပြဋ္ဌာန်းချက်များနှင့် အညီ ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့  တွင်ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။
  မြန်မာနိုင်ငံ၏  တည်ဆဲဥပဒေ၊ အမိန့် ညွှန်ကြားချက်များသည် အသက်(၁၈)နှစ်အောက် ကလေး  သူငယ်များအား တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်း သိရသည်။
   မြန်မာနိုင်ငံတွင် အရွယ်မရောက် သေးသူ ကလေးသူငယ်များ စစ်မှု ထမ်းခြင်းမှ  ကြိုတင်ကာကွယ်ရေး အသိပညာပေးသင်တန်းများကို ပို့ချလျက်ရှိကြောင်းနှင့်  သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင်  လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်ကျစွာဆောင်ရွက်နိုင်ရန်နှင့်  အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရန်  ဖြစ်ကြောင်း သိရကြောင်းnews-eleven တွင်ဖော်ပြပါရှိပါသည်.။
