ပြည်ထောင်စု  မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူနိုင်ငံသံရုံးတွင် ပြီးခဲ့သည့် ၂၀၀၉  ခုနှစ်နှစ် လယ်ပိုင်းခန့် က စင်ကာပူနိုင်ငံသား တစ်ဦးသည် မြန်မာနိုင်ငံတွင်  ယင်း၏ ငွေကြေးဖြင့် ဖွဲ့စည်း ထူထောင်ထားသည့် ကုမ္ပဏီရှိသည့်အတွက်  ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များ  ဆောင်ရွက်ရန် လုပ်ငန်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ကြောင်း သိရသည်။ 
     အဆိုပါ စင်ကာပူနိုင်ငံသားသည် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ  ကိစ္စရပ်များအတွက် ကုမ္ပဏီ ဖွင့်လှစ်ဆောင်ရွက်နေသော်လည်း  မြန်မာနိုင်ငံမှ  မသိနားမလည်သော  မြန်မာအမျိုးသမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့်  လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိနေကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီးက နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း  သိရသည်။ 
    အဆိုပါ စင်ကာပူနိုင်ငံသား နှင့်  ယင်း၏ငွေကြေးဖြင့်  ဖွဲ့စည်း ထူထောင်ထားသော ကုမ္ပဏီအား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြောင်း  ကြားမှုအရ ပြည်ထဲရေးဝန်ကြီးဌာန က စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စစ်  ဆေးပေါ်ပေါက်ချက်များအရ အဆို ပါ စင်ကာပူနိုင်ငံသားပိုင် ငွေကြေးဖြင့်  ဖွဲ့စည်းထူထောင်ထားသည့် ကုမ္ပဏီအား အမျိုးသားစီမံကိန်းနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနက ဖျက်သိမ်းစေခဲ့ပြီး  အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့  ကမာရွတ်မြို့နယ်တွင် တည်ရှိကြောင်း သိရကြောင်း.news-eleven. ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။
