ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပခြင်း မပြုသည့်နယ်မြေများ  စာရင်းကို (၁၆.၉.၂၀၁၀) နေ့စွဲပါ ကြေညာချက်အမှတ် (၉၉/၂၀၁၀)၊ (၁၀၀/၂၀၁၀)၊  (၁၀၁/၂၀၁၀)၊ (၁၀၂/၂၀၁၀)၊ (၁၀၃/၂၀၁၀) တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။  ၄င်းတို့မှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်  ရှမ်းပြည်နယ်တို့မှ မြို့နယ် (၄) မြို့နယ်နှင့် ကျေးရွာအုပ်စုပေါင်း (၂၇၁)  အုပ်စုတို့ဖြစ်ကြကြောင်း  စက်တင်ဘာလ ၁၇ ရက်နေ့ထုတ်  အာဏာပိုင်များ၏သတင်းဌာနကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။ 
