24 September 2010

နဂါးပွက်ရွှံ့မီးတောင် လူသွားစင်္ကြံတွင် ချော်ရည်များယိုထွက်ခြင်းနှင့် ပြန်ပိတ်သွားခြင်း ဖြစ်ပေါ်မှုတို့အပေါ် ဒေသခံများက နိမိတ်တစ်ခုအဖြစ် ယူဆ



ယခုနှစ်အတွင်း မင်းဘူးမြို့ နဂါးပွက်ရွှံ့မီးတောင်လူသွားစင်္ကြံရှိ သံမံတလင်းတွင်ရွှံ့ချော်ရည်များ ယို ထွက်လာခြင်းနှင့် ရွှံ့ချော်ရည်ထွက်ရာ အပေါက်များပြန်ပိတ်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့မှုအပေါ် ဒေသခံများက နိမိတ်တစ်ခုအနေဖြင့် ယူဆနေကြကြောင်း သိရသည်။

နဂါးပွက်ရွှံ့မီးတောင် လူသွားစင်္ကြံရှိ သံမံတလင်းတွင် ရွှံ့ချော်ရည်များ ယိုထွက်လာခြင်းနှင့် ရွှံ့ချော်ရည်ထွက် ရာအပေါက်များ ပြန်ပိတ်သွားခြင်းတို့သည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ခုနှစ် ရွှေစက်တော်ဖွင့်ပွဲနေ့တွင်လည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း ဒေသခံများထံမှသိရသည်။

"ရွှံ့ချော်ရည်တွေက ယိုထွက်လာပြီး တစ်ပတ်လောက်အကြာမှာ ပြန်ပိတ်သွားတယ်။ အဲဒီလိုဖြစ်တာ သုံးကြိမ်ရှိသွားပြီ။ အခုနှစ်မှာနှစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တုန်းက တစ်ကြိမ်ပါ။၂၀၀၉ ခုနှစ်တုန်းက အဲဒီလိုဖြစ်ပြီး သိပ်မကြာဘူး၊ ဘုရားဖူးတွေ အများကြီး ရောက်လာပြီး စည်ကားတယ်။ အခုနှစ်လည်းဒီလိုဖြစ်တော့ စည်ကားဦးမယ်ဆိုပြီး ဒေသခံတွေကယူဆနေကြပါ တယ်။ စဖြစ်ဖြစ်ချင်းတော့ ဒေသခံ တချို့ကထိတ်လန့်တာတို့၊ အံ့သြတာတို့ ဖြစ်သေးတယ်။ အခုဒီနှစ်မှာတော့ ဒီလိုဖြစ်တာကို စည်ကားမယ့် အတိတ်နိမိတ်အဖြစ် ယူဆနေကြပါ တယ်" ဟု နဂါးပွက်ရွှံ့မီးတောင်အနီး နေထိုင်သူ ဒေသခံတစ်ဦးက ဆိုပါ "နဂါးပွက်ရွှံ့မီးတောင်က ချော်ရည်တွင်းထဲကို လက်နှိုက်ကြည့်ရင် အပေါ်ယံ နေထိုးတဲ့နေရာလောက်ပဲ နွေးတာပါ။ အတွင်းထဲ ရောက်သွားရင်ချော်ရည် တွေက ရေခဲရည်လိုပဲအေးပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုပါသည်။

နဂါးပွက်ရွှံ့မီးတောင်တွင် ချော်ရည်ထွက်ရာ ၁၅ နေရာရှိကြောင်း eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။