21 September 2010

စက်တင်ဘာ သုးံနှစ်ပြည့် အမှတ်တရ


မိုးဖွဲလေးတွေစဲနေတဲ့ ရာသီဥတု အောက်မှာ ရန်ကုန်မြို့ရှိ ဘုန်းကြီး ၊ရဟန်းသံဃာတွေရဲ့ မျက်နှာတွေမှာ မိုးစက် လေးတွေနဲ့အတူဝမ်းနည်းမှုပူဆွေးမှုကြေကွဲမှုနဲ့ပြည့်နှက်နေတဲ့လတစ်လ အဲဒီလက တော့ စက်တင်ဘာလ ဖြစ်ပါတယ်။

အပြစ်မဲ့တဲ့ ပြည်သူတွေကို ချစ်တဲ့ ပြည်သူက လေးစား တန်းဘိုးထားတဲ့ ကိုထင်ကျော်၊ကိုမင်းကိုနိုင်၊တို့ကိုဖမ်းဆီ
သွားလို့ ပြည်သူတွေနှင့် တကွ ဘုန်းကြီးရဟန်း သံဃာတွေ ရဲ့ရင်ထဲမယ်ဖြစ်ပေါ်နေတဲ့ အစိုင်အခဲတွေမှ မပြေပျောက်သေးဘူး။

မြန်မာနိုင်ငံရှိ ဘုန်းကြီး ရဟန်းသံဃာတွေနှင့် တကွ ပြည်သူတွေရဲ့ ရင်ကို မိုးကြိုးထက် ပြင်းထန်တဲ့ ရိုက်ခတ်
မှုကြီးက ပြည်သူတွေနှင့်တကွ ဘုန်းကြီးရဟန်းသံဃာတွေမြိုသိပ်ထားသမျှ ပွင့်ထွက်လာအောင် ပြင်းထန် အားကြီး ပါတယ်။



ပခုက္ကူမြို့ ပေါ်မယ် စက်တင်ဘာငါးရက်နေ့က အာဏာရူး လူသတ်ကောင်တွေရဲ့လက်ကိုင်ဒုတ် ကြံဖွံ့တွေနှင့်
အာဏာရူး စစ်မိစ္ဆာတွေက လူမဆန်စွာ ကမ္ဘာ့အကောင်းဆုးံ ဘာသာတရားရဲ့ ခေါင်းဆောင် မြန်မာ နိုင်ငံသူ
နိုင်ငံသားအားလုးံနီးပါးလောက်ရဲ့လေးစားတန်းဘိုးထားကိုးကွယ်တဲ့ထေရ၀ါဒဘာသာရေးခေါင်းဆောင်တွေကို
ရက်ရက်စက်စက်လူမဆန်စွာသတ်ဖြတ်ရိုက်နှက် ဖမ်းဆီမှု ကမ္ဘာမှာ မော်ကွန်းတင်လောက်အောင်ရက်စက်ပြ
တဲ့ အာဏာရူးတစ်သိုက်ရဲ့ လုပ်ရပ်ဟာ ဦးဇင်းတို့ မြန်မာနိုင်ငံလုးံရှိ ဘုန်းကြီး ရဟန်းသံဃာတွေ
ရဲ့ ပူလောင်သွားစေပါတယ်။


စက်တင်ဘာငါးရက်နေ့ကနေ စတင်ပြီးတော့ ကုန်းဈေးနှုးံ မြင့်မားမှုကြောင့် ဦးဇင်းတို့ရဲ့  ဆွမ်းဒကာ၊ဆွမ်းအမ သာသနာ့ ဒါယကာသာသနာ့ ဒါယိကာတွေရဲ့ စိတ်ဆင်းရဲမှု၊ကိုယ်ဆင်းရဲမှု၊အပြစ်မဲ့တဲ့၊ပြည်သူတွေကို ချစ်တဲ့ ပြည်သူတွေက လေးစား တန်းဘိုးထားတဲ့ နိုင်ငံရေးသမားများအား မတရား နှိပ်စက်ဖမ်းဆီမှု မတရားသဖြင့်မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသူ တိုင်းရင်းသားများဟာ နှိပ်စက်ညှင်းပန်းမှု ပြည်သူတွေရဲဆန္ဒပြည်သူတွေရဲ့လွတ်လပ်မှုပြည်သူတွေရဲ့လွတ်လပ်စွာတိုင်းပြည်ကိုစီမံအုပ်ချုပ်မှုပြည်သူ့ဆန္ဒ
ပြည်သူ့အာဏာရရှိဘို့ဆိုပြီးတော့ မြန်မာနိုင်ငံလုးံ ရှိ ရဟန်းသံဃာတွေဟာ ဦးဇင်းတို့ အားလုးံပေါ့ စတင်ပြီးတော့ အစည်းအဝေးထိုင်ခြင်းတိုင်ပင်ဆွေးနွေးခြင်းလုပ်ဆောင်ရမဲ့အချက်အလက်တွေတစ်ဦးနှင့်တစ်ဦးညီညီညွှတ်
ညွှတ်နဲ့စက်တင်ဘာခြောက်ရက်နေ့ကနေစတင်ပြီးတော့ပြည်သူတွေအတွက်အကျဉ်းကျနေတဲ့နိုင်ငံရေးသမား
တွေအတွက်အမှန်တရားအတွက်စတင်ပြီးတော့ငြိမ်းချမ်းရေးလမ်းစဉ်ဆန္ဒပြတောင်းဆိုမှုကြီးကိုအစည်းအဝေး
တိုင်ပင်ကာညှိနှိုင်းခဲ့ကြပါတယ် ။



ဒီလိုနဲ့ စက်တင်ဘာ ဆယ့်သုးံ၊ဆယ့်လေး၊ဆယ့်ငါး ကနေစတင်ပြီးတော့ ငြိမ်းချမ်းရေး မေတ္တာပို့ဆုတောင်းလမ်း
လျှောက်ချီတက် ဆန္ဒပြပွဲကြီးကို စတင်ဆင်နွဲခဲ့ကြပါတယ် ။အဲဒီလို ဆင်နွဲခဲ့တဲ့ နေရာမယ်လည်း ဦးဇင်းတို့အားလုးံ ဟာ မြတ်စွာဘုရားရဲမြင့်မြတ်မှန်ကန်တဲ့နည်းလမ်းကိုကျင့်သုးံပြီးတော့ဆင်နွဲခဲ့ကြတာပါအာဏာလိုချင်လို့နေရာ
လိုချင်လို့တိုင်းပြည်ကိုအုပ်ချုပ်စီမံချင်လို့မဟုတ်ဘူးဆိုတာကို အားလုးံယုံစေချင်ပါတယ် အဲဒီလိုလမ်းလျှောက်ချ
ီတက်ကြတဲ့ နေရာမယ်လည်း အကြမ်းမဖက်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ စစ်မှန် မှန်ကန်တဲ့ လမ်းစဉ် ကိုတသွေ မတိမ် ဦးဇင်းတို့ အားလုံးကျင့်သုးံခဲ့တာပါ ။



စည်းကမ်းတွေချမှတ် ထားတဲ့နေရာမယ်လည်း အံ့ဖွယ်ပါ ခိုက်ရန်ဒေါသမဖြစ်ရ ကိုယ့်ကို သူတပါးက ရိုက်နှက် လာရင်လည်း မေတ္တာစိတ်နဲ့ဘဲ သည်းခံခွင့်လွတ်ရမယ် ဒုတ်ဓား လက်နက် မကိုင်ဆောင်ရ တကယ်လို့ ဒုတ်ဓား လက်နက် ကိုင်ဆောင်တာတွေ့ခဲ့ရင်လည်း ဦးဇင်းတို့ရဲ့  ငြိမ်းချမ်းရေး လမ်းလျှောက် ဆန္ဒပြပွဲရဲ့ စည်းဝိုင်း အပြင်ကို ထွက်ပေးရ မယ်ခိုက်ရန် ဒေါသဖြစ်ရင်လည်းထို့ ထက်ကို ဝေးတဲ့ နေရာကို ထွက်သွားပေး ရမယ်လို့ စည်းမျဉ်း စည်း ကမ်း တွေအများကြီး ချမှတ်ထားတာပါ ဦးဇင်းတို့ ယနေ့ လုပ်တဲ့ အလုပ် လုပ်ငန်းစဉ်သည် နအဖ သိအောင် လုပ်တာ တနည်း တကမ္ဘာလုးံ သိအောင်လုပ်တာပါလို့ အားလုးံ ကိုသော ဘုန်းကြီး သံဃာတွေရဲ့ ဆန္ဒသဘောနဲ့ ပြည်သူ လူထုကိုကော နအဖ စစ်မိစ္ဆာ တွေကော ကြွေးကြော် ပြီးတော့ ချီတက် လမ်းလျှောက် ခဲ့ကြတာပါ ။



တကယ်လို့ မိမိတို့ပါ ဦးဇင်းတို့ရဲ့ လမ်းစဉ်ကိုသဘောကြတယ်နှစ်သက်တယ်ဆိုရင် အားလုးံ လူသူ မရွေး ပူပေါင်း လို့ရပါတယ်။အားလုးံ အားလုးံ ကိုဖိတ်မန်ပြီးတော့ စက်တင်ဘာ ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်ပွဲကြီးကိုလုပ်
ဆောင် ခဲ့ကြတာပါ ၊ ဒီငြိမ်းချမ်းရေး လမ်းလျှောက် ချီတက် ဆန္ဒပြကြီးမှာလည်း တောင်းဆိုချက် တွေကိုလည်း ဦးဇင်းတို့ အားလုးံ ဆွေးနွေး တိုင်ပင်ပြီးတော့ အားလုးံ ဆန္ဒသဘောတူချက်အရ ထုပ်ပြန်ခဲ့ပါတယ် ။




အဲဒီလိုတောင်းဆိုချက်ထုတ်တဲ့နေရာမယ်လည်းမည်သူတစ်ဦးတစ်ယောက်ရဲ့အတင်းအဓမ္မတိုက်တွန်းမှုစေခိုင်း
မှုမှမပါခဲ့ပါဘူး ။အားလုးံမြန်မာနိုင်ငံအတွင်းရှိ ဘုန်းကြီးရဟန်းသံဃာတွေရဲ့ ဆန္ဒတွေခံယူပြီးတော့ အားလုးံရဲ့ သဘောတူချက်အရ ထုတ်ပြန်ခဲ့ကြတာပါ အားလုးံ သဘောတူစွာ ထုပ်ပြန်ခဲ့ကြတဲ့ တောင်းဆိုချက် လေးရပ် ရှိခဲ့ပါတယ။်

အဲဒီလေးချက်ကတော့.......

၁ = နိုင်ငံရေးအကျဉ်းသားများအားပြန်လည်လွှတ်ပေးရေး။

၂ =ကုန်ဈေးနှုးံကျဆင်းရေး။

၃ = အမျိုးသားပြန်လည်သင့်မြတ်ရေး။

၎ =ပြည်သူ့ဆန္ဒ ပြည်သူ့အာဏာရရှိရေး။

ဆိုပြီးတော့ အားလုးံသော ဘုန်းကြီးရဟန်းသံဃာတွေရဲ့ ဆန္ဒသဘောတူညီချက်နဲ့အတူတောင်းဆိုခဲ့ကြတာပါ အဓိက ဦးတည်ထားတာကတော့  အားလုးံရဟန်းသံဃာတွေ ဟာ ငြိမ်းချမ်းစွာ ဖြင့် မေတ္တာသုတ် လမ်းလျှောက် ချီတက်ပြီးတော့ ဒီအချက်လေးချက်ကိုတောင်းဆိုရမယ် ခိုက်ရန်ဒေါသ ဖြစ်ပြီးတော့ ဒေါသဖြစ်ပြီးတော့ မတောင်း ဆိုရအားလုးံကိုမေတ္တာစိတ်နဲ့မေတ္တာပို့ပြီးတော့တောင်းဆိုကြရမယ်လို့အားလုးံသောရဟန်းသံဃာတွေသဘော တူစွာတောင်းဆိုခဲ့ကြတာပါ ။



ဒီလိုတောင်းဆိုတဲ့နေရာမည်လည်း ကိုယ်ကျိုးအတွက်မဟုတ်ပါဘူး အနစ်နာခံရမယ်ပေးဆပ်ရမယ်ဝတ္ထုငွေကြေး ကိုလိုချင်မှုအလှူခံခြင်းများကိုလည်းလုးံဝရှောင်ကျဉ်ရမယ်အားလုးံရဲ့သဘောတူညီချက်တွေနဲ့ဦဇင်းတို့လုပ်
ဆောင်ခဲ့ ကြတာပါလို့ ဦးဇင်းပြောကြားလိုပါတယ် မယုံစရာလည်းဘာမှမရှိပါဘူး ။



အားလုးံသမိုင်းတွေအတိတ်တွေရုပ်ပုံတွေကိုလည်းပြန်လည်းလိုက်ရှာပြီးတော့ကြည့်လို့ရပါတယ် ဒီလို တောင်းဆို ချင်ဟာ တောင်းဆိုတာဟာ တောင်းဆိုတဲ့နေရာမှာကော နအဖ စစ်အစိုးရအတွက်ဘာများထိခိုက်စရာရှိလည်း ဗျာ ဦးဇင်းတို့အားလုးံဟာ မေတ္တာပို့တဲ့နေရာမယ်လည်းလူသူလေးပါးခွဲခြားထားတာမရှိဘူး အားလုးံ အားလုးံ ကို တပြေးတစ်ညီတည်းမေတ္တာပို့ခဲ့ကြတာပါ ဒီလိုငြိမ်းချမ်းစွာဖြစ်လုပ်ဆောင်ခဲ့ကြတာကို မှ အပြစ်လို့မြင်ပြီးတော့ ဦးဇင်းတို့အားလုးံကို ရိုက်နှက်ဖမ်းဆီးသေနတ်နဲ့ပြစ်သတ်တာဟာ မတရား ရာကြပါလွန်ပါတယ် ။



ပြီးတော့မိမိတို့ကိုးကွယ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲဘာသာရေးခေါင်းဆောင်တွေလုပ်တဲ့လုပ်ငန်းစဉ်ကအကြမ်း မဖက် ငြိမ်းချမ်းရေးလမ်းလျှောက် ဆုတောင်း မေတ္တာပို့ သတဲ့ပွဲ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေက ခိုက်ရန် ဒေါသမဖြစ်ရ ဒုတ်ဓား လက်နက် မကိုင်ဆောင်ရ သူတပါးက မိမိတို့ အပေါ်ဒေါသနဲ့လာရောက်တိုက်ခိုက်
ခဲ့ရင် လည်း ကိုယ်က မေတ္တာနဲ့ ငြိမ်းချမ်းစွာသီးခံရမည်။


ကဲ ဘယ်လောက်ကောင်းလိုက်တဲ့စည်းမျဉ်းစည်းကမ်းလည်း ဒါကိုမှအပြစ်မြင် အပြစ်လို့ယူဆပြီးတော့ ရိုက်နှက်ဖမ်းဆီချုပ်နှောင်သေနတ်နဲ့ပြစ်သတ်တာဟာ လူမှဟုတ်ကြသေးရဲ့လား အားလုးံအသိပါ ဦးဇင်းတို့ဆူးလေးဘုရား အနီးမှာဆိုဒုတ်နဲ့ရိုက်ဖမ်းဆီတာတင်မကသေးဘူး ချေ ထောက်နဲ့ပါ ဦးဇင်းတို့ရဲ့ခေါင်းတွေကိုတက်နင်းသေးတာ ခြေထောက်နဲ့ကန် ဒုတ်နဲ့ရိုက်ရုးံတင်မဟုတ်သေးဘူး ။



စက်တင်ဘာ နှစ်ဆယ့် ခုနှစ်ရက် နေ့ည ဘုန်းကြီး ၊ရဟန်း ၊သံဃာ၊တွေသီတင်းသုးံ နေထိုင်တဲ့ ကျောင်းတွေကို သေနတ် နဲ့  ပစ် ပြည်သူတွေ လှူဒါန်းထားတဲ့ သာသနာပိုင် ဘုန်းကြီးကျောင်း တွေကို ဖျက်ဆီး ဘုန်းကြီး ၊ ရဟန်း၊ သံဃာ၊ တွေကို ဖမ်းဆီး ပြီးတော့ ပြောသွားတဲ့ စကားက မင်းတို့ ကတုးံတွေ ကိုယ့် အလုပ် ကိုယ် မလုပ်ဘူး ကိုယ့်ထမင်း ကိုယ်မစားဘူး ဘာလို့ ၀င်ရှုပ်တာလဲတဲ့ ပြောရက်လိုက်တာဗျာ ပြည်သူတွေအရေးဟာ ဦးဇင်းတို့ အရေးမဟုတ်ဘူးလား ။

ဦးဇင်းတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အထွတ်အထိပ်ပန်ဆင်ရာ ဦးထိပ်ထားရာ ဗုဒ္ဓမတ်စွာ ဘုရား ပွင့်ထွန်း တော်မူ လာ တာလောကမှာရှိနေတဲ့ ဝေနေယျ သတ္တ၀ါတွေ အားလုးံအကျိုးစီးပွားလို့ငှာ ချမ်းသာချင်း အလို့ငှာ ပွင့်ထွန်း တော်မူလာတာမဟုတ်ဘူးလားဗျာ ၊ဘာသာရေးကိုနားမလည်လို့လား ၊ဘာသာရေးကိုမသိလို့လား ၊ထေရ၀ါဒဗုဒ္ဓ ဘာသာတွေမဟုတ်လို့လား ၊ဒီလိုစကားမျိုးပြောတာ ဦးဇင်းတို့ဗုဒ္ဓဘာသာတွေ ဗုဒ္ဓသားတွေ ပီပီ ဗုဒ္ဓ လမ်းစဉ် တွေကို မကျင့်သုးံသင့်ဘူးလား ။

မိမိတို့ရဲ့ ဒကာ၊ ဒကာမတွေ ဝေနေယျသတ္တ၀ါ ရဲ့ အကျိုးစီးပွားလို့ငှာ ဒုက္ခပေါင်းစုံ နဲ့ ကြုံတွေ့နေရတဲ့ ဒကာ ၊ဒကာမ တွေမကယ်တင် ရတော့ဘူးလား ။အမှန်တရားဆိုတဲ့ လမ်းစဉ်ကို မလျှောက်လှမ်း ရတော့ ဘူးလား ။မြင့်မြတ်တဲ့ လမ်းစဉ်တွေကို မကျင့်သုးံရတော့ဘူးလားဗျာ ။ ဘာလဲ စစ်မိစ္ဆာ တစုက လူသတ်ဖမ်းဆီချုပ်နှောင်တာကိုကုသိုလ်
လို့ယူဆပြီးတော့ ဦးဇင်းတို့ကို ကောင်းတဲ့ လမ်းစဉ် မြင့်မြတ်တဲ့ လမ်းစဉ်ကိုမလျှောက်လှမ်းရဘူးလို့ပြောတာလား။



အေးပေါ့လေး ဦးဇင်းတို့ ဆရာဘုန်းကြီး ပြောသလို မင်းတို့က လူတွေမှတ်လို့ မေတ္တာသွားပို့ နေတာ လားတဲ့ အဲဒါ လူမဟုတ်ဘူးတဲ့၊ လူ့ငနွားတွေတဲ့၊ မှတ်ထား ဘယ်တော့မှ မေတ္တာနဲ့ မတန်ဘူးကွ ဟုတ်ပါတယ် ။



စစ်မိစ္ဆာ လူ့ ငနွားတွေဟာ ဦးဇင်း ကောက်ချက်ချ လိုက်ပါပြီး၊ ဘယ်တော့မှ မေတ္တာ နဲ့ မပါဘူး။ မိစ္ဆာကောင် တွေရဲ့ လုပ်ရပ်ဟာ ကမ္ဘာကကော ၊တို့ပြည်သူတွေကော ၊အားလုးံ အသိပါ ၊တန်လား ၊မတန်ဘူးလား ၊ဆိုတာ အဲဒီတော့ ရှေ့ဆက် ပြီးတော့ ဦးဇင်း မိစ္ဆာကောင်တွေရဲ့ မကောင်းကြောင်းကို ပြောပြစရာ မလို လောက်တော့ ပါဘူး။

တို့ပြည်သူတွေ စစ်မိစ္ဆာတွေ ရဲ့ လက်အောက်မှ လွတ်မြောက်ဖို့ ထောင်တွင်း အမှန်တရား အတွက် အကျဉ်းကျ ခံနေရသော ဦးဇင်းတို့ ညီတော်၊ နောင်တော်၊ အပေါင်းတို့၊ လွတ်မြောက်ဖို့ ဦးဇင်းတို့ ရဲ့ ဒကာာ၊ ဒကာမ တွေ လွတ်မြောက်ဖို့ ဖိနှိပ် ချုပ်ချယ်မှုတွေအောက်မှ လွတ်မြောက်ဖို့ရန်အတွက် အားလုးံ ညီညွတ်ဖို့ လိုပါပြီး ။



ညီညွတ်ဖို့ အချိန်တန်ပါပြီး တိုက်ပွဲဝင်ဘို့ အချိန်တန်ပါပြီး အပြောတွေနဲ့ အချိန် မကုန်သင့်ပါဘူး။ အားလုးံ ညီညွတ်မှ အောင်ပွဲရမှာ ဦးဇင်းတို့ ဗုဒ္ဓမြတ်စွာဘုရားလည်း ညီညွတ်ဖို့ကိုဘဲ အထူး ရှေ့ရှု့ပြီးတော့ ဟောကြားခဲ့တာပါ၊ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြော နေရမဲ့ အချိန်အခါ လည်းမဟုတ်ပါ တော့ ပါဘူး။


ဦးဇင်းတို့ အားလုးံ လွတ်လပ်စွာ ပျံသန်းနိုင်ဘို့ရန် အတွက် ထောင်တွင်း အကျဉ်းကျခံ နေရသော မိမိတို့ ရဲ့ ညီတော်၊နောင်တော်၊ တွေရဲ့ မျက်နှာတွေကို ထောက်ထား ပြီးတော့ ညီညီ ညွတ်ညွတ် ဟန်ချက် ညီညီနဲ့ ယနေ့ ငါတို့ အားလုးံဟာ ပြည်သူကို တကယ် ချစ်တယ် ပြည်သူကို တန်းဘိုး ထားတယ်။




ပြည်သူကို လေးစားတယ် ဆိုရင်အောင်ပွဲရဘို့ အတွက် ရှေ့ကို ချီတက် ပြီးတော့ တိုက်ပွဲတွေ ဆင်နွဲကြစို့ ၂၀၀၇ စက်တင်ဘာရွှေဝါရောင် သံဃာတော်များနှင့် တကွ ခေတ်အဆက်ဆက် အမှန်တရားအတွက် ထောင်တွင်း အကျဉ်းကြခံ နေရသောဘုန်းကြီး၊သံဃာ၊ကျောင်းသား၊ ပြည်သူများ အားလုးံ ကျန်းမာ ချမ်းသာကြပါစေ…………

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးခေါင်ဆောင် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စာလှယ်အဖွဲ့

ပြန်ကြားရေးဆရာတော် ဦးနေမိန္ဒ