12 September 2010

ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း


အကြောင်းအရာ ။ ။ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံးမှ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး အလှူငွေများ ကို စီးပွားရေးလုပ်ငန်းရှင်များထံမှ ကောက်ခံနေခြင်း။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်အမှတ်(၂)ရက်ကွက်အေးချမ်းသာယာ
ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ရုံးမှ စီပွားရေးလုပ်ငန်းရှင်များကို ညှိုနှိုင်းဆွေးနွေးရန် ဟု ဆိုကာ ၂၈.၈.၂၀၁၀ ရက်နေ့ ရက်စွဲဖြင့် ခေါ်ယူပြီး အလှူငွေ များကို ကောက်ခံခဲ့ကြောင်းကို ထို ရပ်ကွက်နေ လုပ်ငန်းကြီးတစ်ခု၏ မန်နေဂျာ ဖြစ်သူမှ ထပ်ဆင့် ပြောပြလာပါသည်။

အကြောင်းအရာ အပြည့်အစုံမှာ မန်နေဂျာ ဖြစ်သူမှ ကျွန်တော်တို့ ကို ၂၈.၈.၂၀၁၀ ရက်စွဲ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ရဝတ ရုံးသို့ လာကြရန်ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့မန်နေဂျာများမှာလည်းနေ့လည် ၁ နာရီခန့် ရဝတ ရုံးသို့ အရောက်သွားခဲ့ကြပါသည်။ နေရာကတော့ အမှတ် ၂ ရက်ကွက် မရမ်းကုန်းမြို့နယ် ပေါ်တော်မူ ဘုရားဝင်းထဲမှာပါ။ ကျွန်တော်တို့ မန်နေဂျာ များ ရောက်ရှိလာသောအခါ ဘာအစည်းအဝေးလဲလို့ မေးသောအခါ ဘာမှ မဟုတ်ပါဘူးလို့ ရဝတ အတွင်းရေးမှုး ဦးစိုးနိုင် ဆိုသူမှ ပြောပါသည်။

ငါတို့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ မင်းတို့ လုပ်ငန်းရှင်တွေ ဆီမှာ အလှူခံမလို့ဟု ပြောပါ သည်။ ရွေးကောက်ပွဲတွင် မဲပေးမည့် အမည်စာရင်းတွေ မိတ္တူကူးတာရယ်၊စာအုပ်ချုပ်တာရယ်၊အတွက်ပိုက်ဆံလို လို့ ကောက်တာဟုပြောပါသည်။ အဲတော့ ကျွန်တော်တို့မှ ဘယ်လောက်သတ်မှတ်ထားပါသလဲ ဟုမေးသောအခါ မင်းတို့ စေတနာရှိသလောက်ရပါတယ်ဟုပြန်လည်ဖြေကြားပါသည်။မည်သည့်အကြောင်းအရာနှင့်အစည်းအဝေး ခေါ်သည်ကို မသိခဲ့ရသောကြောင့် ကျွန်တော်တို့တွင် ပိုက်ဆံအများကြီးမပါလာပါ ။

ထို့ကြောင့် မိမိတို့တွင် ပါလာသော တစ်ယောက်ကို ပိုက်ဆံ ၅၀၀၀၀ ကို ထည့်ပါ့မည်ဟု ဆိုကာ ပိုက်ဆံထည့် ခဲ့ရ ပါသည်။ ထိုအခါ ရပ်ကွက် အတွင်းရေးမှုးမှ ပိုက်ဆံ ၅၀၀၀၀ နည်းတယ် ဟုဆိုကာ အလှူငွေထည့်လိုက်သော ပိုက်ဆံ နှင့်ပတ်သက်ပြီး အလှူငွေ ဖြတ်ပိုင်းလေးတောင်ပြန်လည် မပေးခဲ့ပါ။ ပြီးတော့ မင်းတို့ အလုပ်ရှင်တွေကို လွတ်လိုက် ဟုဆိုပါသည်။

ကျွန်တော်တို့လည်း အလုပ်ရှင်ထံသို့ ပြန်သွားပြီး ပိုက်ဆံပြန်ယူကာ ထို့ထက်မကသော အလှူငွေ ပိုက်ဆံကို ထည့်ဝင်လာရပါသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်မှ ကျခံသုံးစွဲရမည့် အစား ယခုအခါ လုပ်ငန်းရှင်များထံမှ အလှူငွေများကောက်ခံ နေပြီး ပြည်သူများမှာ မိမိသဘောကိုဆန္ဒ အမှန်ကိုလည်း ထုတ်ဖော်ပြသ ၍ လည်း မရသလို မိမိတို့၏ ပိုက်ဆံများကိုပါ ရွေးကောက်ပွဲကို အကြောင်းပြုကာ အလှူငွေများ အတင်း မက ကောက်ခံနေကြောင်းကို အများပြည်သူ သိရှိစေရန် တင်ပြအပ်ပါသည်။