15 September 2010

၂၀၁၀ရွေးကောက်ပွဲတွင် ဟောပြောမဲဆွယ်လျှောက်ထားခွင့်နှင့် လျှောက်လွှာတွင် သိရမည့်အချက်များ

လျှောက်ထားခွင့်ရှိသူများ။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ လက်မှတ်ရေးသား လျှောက်ထားရမည်။ လျှောက်လွှာတွင် ဖော်ပြရမည့် အချက်များ။ ခွင့်ပြုမိန့် လျှောက်ထားရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည်။ စုဝေးခြင်းနှင့်ဟောပြောခြင်းများကို တားမြစ်ချက်များခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြလျှောက်ထားရမည့်အပြင်....

(က) ပြုလုပ်လိုသည့်နေရာ၊

(ခ) ပြုလုပ်လိုသည့်နေ့ရက်၊

(ဂ) စတင်မည့်အချိန်နှင့်ပြီးဆုံးမည့် အချိန်(ခန့်မှန်း)၊

(ဃ) တက်ရောက်မည့် အင်အား (ခန့်မှန်း)၊

(င) ဟောပြောမည့်ပုဂ္ဂိုလ် သို့မဟုတ်ပုဂ္ဂိုလ်များအမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာ၊

(စ) လျှောက်ထားသူ၏ အမည်၊ မှတ်ပုံတင်နှင့်နေရပ်လိပ်စာ စသည့်အချက်များကိုလည်း လျှောက်လွှာတွင်

အပြည့်အစုံဖော်ပြရမည်ဟု စစ်အာဏာပိုင်သတင်းစာမှ ဖော်ပြပါရှိသည်။