13 September 2010

မြန်မာပြည်မှာငွေစက္ကူအတုများရှိခဲ့၍ဘဏ်အချို့ငွေကြေးကိစ္စများ ဆောင်ရွက်ရာတွင်ပိုမိုသတိရှိလာ၊ငွေစက္ကူအတုများသည် အစစ်နှင့်သိသာစွာကွဲပြားခြားနားကြောင်းသိရ


ပုဂ္ဂလိကဘဏ်တစ်ခုတွင် ငွေလွှဲဆောင်ရွက်နေစဉ်


ငွေလက်ခံရာတွင် ငွေစက္ကူအတု ပါလာသည့်ဖြစ်ရပ်အချို့ ရှိခဲ့၍ ဘဏ်အချို့ငွေကြေးကိစ္စများ ဆောင်ရွက်ရာတွင် ပိုမိုသတိရှိလာကြောင်း နှင့် ငွေစက္ကူအတုများသည် အစစ်နှင့် သိသာစွာ ကွဲပြားခြားနားကြောင်း သိရသည်။


ဘဏ်များတွင် ငွေလွှဲကိစ္စနှင့် ငွေလက်ခံ ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စများဆောင်ရွက်ရာ၌ လာလွှဲသည့် ငွေများထဲတွင် ကျပ်တစ်ထောင်တန်အတုတို့ ပါလာတတ်ခြင်းဖြစ်ပြီး အရေအတွက်မှာ တစ်ရွက်၊ နှစ်ရွက်ဝန်းကျင်သာရှိ၍ အရေအတွက်လွန်စွာ နည်းပါးကြောင်း သိရသည်။


"အစစ်နဲ့ အတုက သိသိသာသာ ကွာတာကို ကိုယ်တိုင်ကြုံပြီး ကြည့်လိုက်တော့မှ သိရတယ်။ စက္ကူ သားရော၊ ကြိုးရော ကွာပါတယ်။ အတုက အစစ်ကို စကန်ဖတ်ပြီး သာမန်စက္ကူအဖြူနဲ့ ကာလာပရင့်ထုတ်ထားတဲ့သဘော ဆိုတာ ဘဏ်ကရှင်းပြလို့ သိရပါတယ်။ ညဘက်တွေမှာ သုံးတာနဲ့ ပိုက်ဆံအုပ်လိုက်ထဲ ညှပ်ပါလာမှသာ သတိမထားမိတာ ဖြစ်နိုင်မှာပါ"ဟု ကိုယ်တိုင်ကြုံရသူ တစ်ဦးက ဆိုပါသည်။


ငွေစက္ကူအစစ်၏ အသားမှာ အနည်းငယ်ကြမ်းပြီး အတုအသားမှာ ပြောင်ချောနေခြင်းသာ ဖြစ်နိုင်ခြင်း၊ ငွေစက္ကူအစစ်အတွင်း ထည့်ထားသော ငွေကြိုးကဲ့သို့ အတုတွင် မထည့်နိုင်ကြောင်း၊ ဆေးရောင်မှာလည်း အတု သည် အစစ်ကဲ့သို့ အရောင်မမြဲနိုင်ကြောင်း ..

ငွေစက္ကူအတုများ ရှိခဲ့ခြင်းကြောင့် ဘဏ်များအနေဖြင့် ငွေကြေးကိစ္စများ ဆောင်ရွက်ရာတွင် ယခင်ထက်ပိုမို သတိရှိလာရကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။ အတုပြုလုပ်ရာတွင် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ အသုံးပြုကာ အစစ်ကို စကန်ဖတ်၍ ကာလာပရင်တာဖြင့် ပရင့်ထုတ်ထားခြင်းသာ ဖြစ်ကြောင်း နှင့် ငွေစက္ကူအတုနှင့် အစစ် ကွဲပြားခြားနားသော အချက်များမှာ ငွေစက္ကူ အတုများသည် အစစ်၏ စက္ကူအသားကဲ့သို့ ကြမ်းမနေဘဲ ပြောင်ချောနေခြင်း၊ အတုသည် အစစ်ကဲ့သို့ငွေမှင်ကြိုးအား စက္ကူထဲတွင်မြှုပ်ထား၍ မရနိုင်ခြင်း၊ အတုသည် အစစ်ကဲ့သို့ ခြင်္သေ့ရုပ်အရိပ်များ မထည့်နိုင်ခြင်းတို့ဖြစ်ကြောင်း မှုခင်းဖြစ်စဉ်များ အရ သိရသည်။


ငွေစက္ကူအတု ပြုလုပ်မှုများကို သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ငွေစက္ကူအတုများသည် အစစ် နှင့်သိသာစွာ ကွဲပြားခြားနားကြောင်း၊ ငွေစက္ကူအတုပြုလုပ်ပါက ပြစ်မှုဆိုင်ရာဥပဒေအရ တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်ခံ ရနိုင်ကြောင်း သိရသည်။


ငွေစက္ကူအတုအား အစစ်ကဲ့သို့ပြုလုပ်၍ မဖြစ်နိုင်သောကြောင့် လက်တည့်စမ်း ပြုလုပ်ချင်သူများအနေဖြင့် အချိန်အနည်းငယ်အတွင်း ဖမ်းဆီးခံရနိုင်သည်ဖြစ်ရာ ယခုကဲ့သို့ လုပ်ရပ်များအား ရှောင်ကြဉ်သင့်ကြောင်း ဥပဒေပညာရှင်အချို့က သတိပေးပြောကြားခဲ့သည်။


ငွေစက္ကူအတုများ ပြုလုပ်ရာတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ပရင်တာများ အသုံးပြုကာ ပြုလုပ်လေ့ရှိပြီး အတုနှင့်အစစ်သိသာစွာ ကွဲပြားခြားနားနိုင်သည့်အချက်မှာ အစစ်တွင်ပါဝင်သောကြိုး၊ စက္ကူ သားနှင့်ဆေးရောင်တို့ ဖြစ်ကြောင်း အမှုဖြစ်စဉ်များနှင့် နှိုင်းယှဉ်လေ့လာခဲ့သူများက ဆိုပါသည်။


ငွေစက္ကူအစစ်၏ အသားမှာ အနည်းငယ်ကြမ်းပြီး အတုအသားမှာ ပြောင်ချောနေခြင်းသာ ဖြစ်နိုင်ခြင်း၊ ငွေစက္ကူအစစ်အတွင်း ထည့်ထားသော ငွေကြိုးကဲ့သို့ အတုတွင် မထည့်နိုင်ကြောင်း၊ ဆေးရောင်မှာလည်း အတု သည် အစစ်ကဲ့သို့ အရောင်မမြဲနိုင်ကြောင်း ဘဏ်လုပ်ငန်းနှင့် နီးစပ်သူများက သုံးသပ်ခဲ့သည်။


လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် ကျန်စစ်သားအိမ်ရာနေ အသက် ၂၇ နှစ်ရှိ ငွေစက္ကူအတုပြုလုပ်သူ တစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၎င်းအသုံးပြုသော ငွေစက္ကူများရရှိခဲ့သူတစ်ဦးက မသင်္ကာ၍ သက်ဆိုင်ရာသို့ အကြောင်းကြားရာမှတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် တစ်ထောင်တန် ငွေစက္ကူအတုပြုလုပ်သူ တရားခံငါးဦးကိုလည်း တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သည့်ဖြစ်ရပ် ၂၀၀၇ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရှိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ၂၀၀၆ ခုနှစ် မေ လ ၆ ရက်နေ့ ညနေ ၈ နာရီခွဲအချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၆ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းအ တွင်းရှိ တီဗီ၊ ဗီစီဒီပြုပြင်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်ဖြစ်သူသည် တီဗီတစ် လုံးနှင့်ဆောင်းဘောက်တစ်စုံ ရောင်းရငွေ တစ်ထောင်တန်များမှာ မူမမှန် ၍ ရဲသို့အပ်နှံခဲ့ရာမှ တရားခံငါးဦး အား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရားခံငါးဦးမှာ တစ်ထောင်တန်အတုများအား ကွန်ပျူတာဆက်စပ်ပစ္စည်းများ အပါအ၀င် ငွေမှင်ရောင်ဘောပင်တစ်ချောင်း အသုံးပြုကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


မည်သူမျှ ငွေစက္ကူများ၊ ဒင်္ဂါးများ သို့မဟုတ် ဗဟိုဘဏ်က ထုတ်ဝေသော တောင်းဆိုသည့်အခါ ကိုင်ဆောင်သူသို့ ပေးချေရမည်ဖြစ်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို ထုတ်ဝေခြင်း သို့မဟုတ် အတုပြုလုပ်ခြင်း သို့မဟုတ် အတုကို ပြည်ပမှ တင်သွင်းလာခြင်း မပြုရဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၈၆ တွင် ပြ ဋ္ဌာန်းထားပြီး မည်သူမဆိုပုဒ်မ ၈၆ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ အများဆုံးထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ရမည်ဟူ၍ လည်းကောင်း၊ ထို့အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟူ၍လည်းကောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ၈၉ ပြဋ္ဌာန်းချက်အရ သိရှိရကြောင်း eleven. ဂျာနယ် တွင်ဖော်ပြထားသည်.။