13 September 2010

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်အား ခလ၇(၈၃)စစ်သားမှ မုဒိန်းကျင့်

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာု(ဘ)ဦးဇော်ကြီး-(မိ)ဒေါ်ချို တို့၏ သမီးဖြစ်သူ မပြည့်ဇော်ချို အသက်(၁၃)နှစ်သည် (၃-၉-၂၀၁၀)နေ့က ကျေးရွာတောင်စပ်အတွင်း ဆိတ်ကျောင်းနေစဉ် မိချောင်းမြို့ အခြေစိုက်တပ်ရဲတပ်- ခလ၇(၈၃)တပ်သား ..အမည်မရသေးက အလိုမတူအတင်းအဓမ္မ မုဒိန်းကျင့်ခဲ့ပါသည်။ ယခုအချိန်တွင် မပြည့်ဇော်ချိုမှာ မကွေးဆေးရုံတွင် ဆေးရုံတက်ကုသနေရပါသည်။ ၎င်းသတင်းကို ခလ၇(၈၃)တပ်မှ အရာရှိစစ်ဗိုလ်များက မပြည့်ဇော်ချို၏ ဖခင်အား မကွေးသို့ခေါ်သွားပြီး သတင်းမပြန့် နှံ့ရန် လုပ်ဆောင်နေကြောင်း သတင်းရရှိပါသည်။

မှတ်ချတ်။ ။ ရုပ်သံဖိုင် နောက်(၂)ရက်အတွင်း အစဉ်ပြေလျှင်တင်မည်ဖြစ်ပါသည်။

သတင်း။ ။ ဦးအေးမြင့် (လမ်းပြကြယ်)


ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်။