01 April 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ (ဂျပန်လွှတ်တော် အတွင်းမှ) လက်ရှိမြန်မာ့အရေးဆွေးနွေးပွဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့် လက်ရှိမြန်မာနိုင်ငံရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအထိ ဂျပန်လွှတ်တော် အဆောက်အဦး Dai 2 ခမ်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ဒီမိုကရေစီအရေး ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsu နှင့် ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ.... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ တာဝန်ရှိသူများ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများ စုစုပေါင်း ၅၀ကျော်ခန့် တက်ရောက်ကြပါတယ်။

အခမ်းအနားကို ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsuမှ စတင်ဖွင့်လှစ်ပေးပြီး .. မိတ်ဆက်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ရှင်းလင်းပြောပြပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌဦးသန့်ဇင်ဦးမှ စစ်အစိုးရရဲ့ (၂၀၁၀) ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိတဲ့ အကြောင်းရှင်းလင်း ပြောပြပြီး အကယ်၍စစ်အစိုးရမှ အတင်းအကြပ် ကျင်းပပြုလုပ်ခဲ့ရင် ထွက်ပေါ်လာတဲ့ အစိုးရကို ဂျပန်အစိုးရမှ အသိအမှတ်မပြုဖို့နဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ မဝင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တစုံတခု အန္တရာယ်ပေးခဲ့သည်ရှိသော် ဂျပန်အစိုးရမှ အဖွဲ့ချုပ်ဘက်မှ အပြည့်အဝ ရပ်တည်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ဂျပန်နိုင်ငံမှ ဂျပန်အစိုးရအား သံတမာန်အဆင့်အတန်း လျော့ချပေးရန်တို့ကို တင်ပြ တောင်းဆိုသွားပါတယ်။

ဆက်လက်ပြီး CHRISTIAN SOLIDARITY WORLDWIDE အရှေ့တောင်အာရှ တာဝန်ခံ မြန်မာ့အရေးကျွမ်းကျင်သူ Mr.Ben Rogerမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နယ်စပ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ဆလိုက်ရှိုးများဖြင့် ပြသရှင်းလင်းပြောပြသွားပါတယ်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ (ဒု)ဥက္ကဋ္ဌဦးလှဟန်မှ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပြီးခဲတဲ့ ရက်ပိုင်းအတွင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Okada မှ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တရားဝင် ဥပဒေတခုအဖြစ် ပေါ်ထွက်နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားပြီး ၁။ စစ်အစိုးရအာဏာပိုင်များ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်ပေးရန် ၂။ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို အခြေခံ၍ ကျင်းပသော ရွေးကောက်ပွဲကိုရလာဒ်ကို အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြန်ပေးရန်၊ ၃။ ဂျပန်အစိုးရမှ အသိအမှတ်မပြုသော ရွေးကောက်ပွဲ ရလာဒ်မှ ဖွဲ့စည်းထားသော မည်သည့်အစိုးရကိုမှ ဂျပန်နိုင်ငံမှ မည်သည့်အကူအညီ အထောက်အပံ့များ မပြုလုပ်နိုင်ကြောင်း အသိပေးရန်၊ ၄။ သံတမာန်အဆင့် လျော့ချတဲ့အထိ အရေးယူမည်ဟု ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ပေးရန်နှင့် လက်ရှိပြသနာတွေ ဖြေရှင်းနိုင်ဖို့ အတွက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ ပြည်သူလူထုကို ထိတွေ့ခွင့်ပေးမှ ပြေလည်နိုင်မှာ ဖြစ်ကြောင်း တို့ကို ရှင်းလင်း တင်ပြ တောင်းဆိုသွားပါတယ်။

ဆက်လက်ပြီး ဂျပန်လွှတ်တော် အမတ်များရဲ့ မေးမြန်းချက်ကို ဥက္ကဋ္ဌဦးသန့်ဇင်ဦးနှင့် Mr. Ben Roger တို့မှ ပြန်လည်ဖြေကြားသွားပါတယ်။ ယနေ့အစည်းအဝေး၌ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေနဲ့ ၂၉ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထား (၆)ချက်ပါ ကြေငြာချက်တို့ကို အင်္ဂလိပ်၊ ဂျပန်ဘာသာတို့ဖြင့် ရှင်းလင်းချက်များအား ဝေငှခဲ့ပါတယ်။ ညနေ(၄)နာရီမှာ ဂျပန်လွှတ်တော်အတွင်း မြန်မာ့အရေးဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်။

သတင်း၊ဓာတ်ပုံ .. ဒီမိုဝေယံ....